အခွင့်အရေးပေးလိုက်တာကို အသားနာအောင်လုပ်ပြီး ပါးလာရိုက်လို့ ပညာသားပါပါတုံ့ပြန်လိုက်တဲ့ မေမီကိုကိုရဲ့Tik Tok ဗီဒီယိုလေး

//s9.kh1.co/f0/f0d72112a8dedfd4e37ab30b348dba1ee6d167cb.jpg
အနုပညာရှင်များ

 ၁၃-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အခွင့်အရေးပေးလိုက်တာကို အသားနာအောင်လုပ်ပြီး ပါးလာရိုက်လို့ ပညာသားပါပါတုံ့ပြန်လိုက်တဲ့ မေမီကိုကိုရဲ့Tik Tok ဗီဒီယိုလေး

မင်းသမီးချောလေး မေမီကိုကိုကတော့ ဇာတ်လမ်းတွဲလေးတွေ ရိုက်ကူးရင်းနဲ့ လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ ဇာတ်လမ်းတွဲတိုင်းမှာ အကောင်းဆုံးဖြစ်အောင် သဘာဝကျကျသရုပ်ဆောင်ခဲ့တဲ့ မေမီကိုကိုက "ပျားရည်အိုင်" ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း မေမီကိုကိုက ကြော်ငြာတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-May Mi Ko Ko's FB Acc
Photo Credit-May Mi Ko Ko's FB Acc
Photo Credit-May Mi Ko Ko's FB Acc
Photo Credit-May Mi Ko Ko's FB Acc

မေမီကိုကိုက အလုပ်ကြိုးစားသူလေးဖြစ်တဲ့အပြင် ပေါင်းသင်းဆက်ဆံရေးလည်း ပြေပြစ်တာကြောင့် ချစ်ခင်သူတွေပေါများနေတာ ဖြစ်ပါတယ် ။ အချစ်ရေးနဲ့ပတ်သက်ပြီး ဖွင့်ချပြခဲ့တဲ့ မေမီကိုကိုတစ်ယောက် မကြာသေးခင်ကပဲ ဝေဖန်တိုက်ခိုက်မှုဒဏ်တွေကို ခံခဲ့ရသေးတာ ဖြစ်ပါတယ် ။ စိတ်အပန်းဖြေတဲ့အနေနဲ့ အားလပ်ချိန်လေးမှာ Tik Tok ကစားတတ်တဲ့ မေမီကိုကိုက အခုလည်း ဗီဒီယိုအသစ်လေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-May Mi Ko Ko's FB Acc
Photo Credit-May Mi Ko Ko's FB Acc
Photo Credit-May Mi Ko Ko's FB Acc
Photo Credit-May Mi Ko Ko's FB Acc

မေမီကိုကိုက ရုပ်တည်ကြီးနဲ့အပီအပြင်တွေ သရုပ်ဆောင်ပြီး အခွီတလိုင်းပုံစံ Tik Tok ကစားပြထားတာ ဖြစ်ပါတယ် ။ မေမီကိုကိုက သူမကိုပါးလာရိုက်တဲ့သူကို ပညာသားပါပါတုံ့ပြန်နေတဲ့ပုံစံမျိုး အိုက်တင်တွေလုပ်ပြီးသီချင်းလေးအတိုင်း ဟန်ပန်အမူအရာတွေလုပ်ပြနေတာလည်း ဖြစ်ပါတယ် ။ ကဲ ရယ်လည်းရယ်ရသလို အရမ်းလည်းချစ်ဖို့ကောင်းတဲ့ မေမီကိုကိုရဲ့ Tik Tok ဗီဒီယိုလေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-May Mi Ko Ko's Tik Tok Acc

Photo Credit-May Mi Ko Ko's FB Acc
Photo Credit-May Mi Ko Ko's FB Acc
Photo Credit-May Mi Ko Ko's Tik Tok Acc
Photo Credit-May Mi Ko Ko's Tik Tok Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T