ရုပ်ရှင်နှစ်၁၀၀ မဂ္ဂဇင်းအတွက် အနုပညာရှင် မောင်နှမတွေနဲ့အတူ ရိုက်ကူးရေးလုပ်နေတဲ့ ပုံလေးတွေကို ချပြလာတဲ့ ရန်အောင်

//s9.kh1.co/22/220966596c26ffb676b5857a7a418678686d0b35.jpg
အနုပညာရှင်များ

 ၁၃-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ရတဲ့ ပရိသတ်ကြီးရေ အကယ်ဒမီများရှင် သရုပ်ဆောင် မင်းသားကြီး ဦးရန်အောင်ကတော့ ဘယ်အချိန်ကြည့်ကြည့် ဆယ်ကျော်သက်လေးလို နုပျိုခန့်ညားပြီး အလှတွေပိုနေဆဲဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းထက်မှာ ဆယ်စုနှစ်မက ရပ်တည်လာခဲ့တဲ့ ရန်အောင်တစ်ယောက် ပရိသတ်အားပေးမှုတွေနဲ့ အောင်မြင်မှုတွေကိုလည်း တစ်ခဲနက်ရရှိထားတာကို တွေ့ရပါတယ်။ 

Photo credit - Yan Aung's Facebook Account
Photo credit - Yan Aung's Facebook Account

ကိုဗစ်ကာလမှာတောင် အနုပညာလှုပ်ရှားမှုတွေကို မနားမနေဆက်တိုက်ဆိုသလို လုပ်ကိုင်နေရတဲ့ ဦးရန်အောင်က ယခုမှာလည်း ရုပ်ရှင်နှစ်၁၀၀ မဂ္ဂဇင်းအထူးထုတ်အတွက် Photo shooting တွေရိုက်ကူးနေရတာပါ။ အကယ်ဒမီများရှင် သရုပ်ဆောင် မင်းသား မင်းသမီးကြီးတွေနဲ့အတူ ရိုက်ကူးရေးလုပ်နေတာဖြစ်ပြီး မြန်မာဝတ်စုံတွေနဲ့ ကျက်သရေရှိလွန်းတဲ့ ပုံလေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလာပြန်ပါတယ်။

Photo credit - Yan Aung's Facebook Account
Photo credit - Yan Aung's Facebook Account

ကြည့်ကောင်းလွန်းတဲ့ အလှပုံလေးတွေအပြင် " ရုပ်ရှင်နှစ်၁၀၀ မဂ္ဂဇင်းအထူးထုတ်အတွက်ရုပ်ရှင်အစည်းအရုံးခန်းမကြီးမှာ ဓါတ်ပုံရိုက် အရင်လို လူအများကြီးနဲ့ ရိုက်မရလို့ ကြဲကြဲ ခွဲခွဲလေးနဲ့ ရိုက်ကြရတဲ့ အမှတ်တရ ချစ်သူများကိုသတိရပါတယ် သိလား " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားလာတာပါ။ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှု အချစ်ပိုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်....။

Photo credit - Yan Aung's Facebook Account
Photo credit - Yan Aung's Facebook Account
Photo credit - Yan Aung's Facebook Account
Photo credit - Yan Aung's Facebook Account

သတင်း အရင်းအမြစ်Source - Yan Aung's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T