အရွယ်ရောက်လာကြတဲ့သားသမီးတွေကို ချစ်ခင်ပွန်းမရှိတဲ့အချိန်မှာ တစ်ယောက်တည်းစောင့်ရှောက်နေတဲ့ နိုင်းနိုင်းရဲ့ချစ်ဇနီးလေး

//s9.kh1.co/a1/a13ae6f16dbb10e938ba771feafd331add33dbc5.jpg
အနုပညာရှင်များ

 ၁၃-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အရွယ်ရောက်လာကြတဲ့သားသမီးတွေကို ချစ်ခင်ပွန်းမရှိတဲ့အချိန်မှာ တစ်ယောက်တည်းစောင့်ရှောက်နေတဲ့ နိုင်းနိုင်းရဲ့ချစ်ဇနီးလေး

သရုပ်ဆောင်နိုင်းနိုင်းကတော့ ယနေ့ချိန်ထိတိုင်အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်မှုတွေကိုလည်း ရရှိနေတာဖြစ်ပါတယ်။နိုင်းနိုင်းဟာဆိုရင် ဗီဒီယိုခေတ်ကတည်းက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်မင်းသားတစ်လက်ဖြစ်လို့ သူ့ရဲ့ဗီဒီယိုဇာတ်ကားတွေကလူကြည့်များပါတယ်နော်။နိုင်းနိုင်းက အရပ်မြင့်မြင့်၊ဗလတောင့်တောင့်နဲ့ ယောက်ျားပီသတဲ့ရုပ်ရည်ကိုလည်း အခုထိပိုင်ဆိုင်ထားလို့ ကလေးလေးယောက်ရဲ့ဖခင်လို့တောင် မထင်ရပါဘူးနော်။

Photo Credit:Sandy Cho's Facebook Account

နိုင်းနိုင်းရဲ့ချစ်ဇနီးချောလေးစန္ဒီချိုကတော့ နယူးယောက်မှာ ကလေးတွေနဲ့အတူနေထိုင်နေတာဖြစ်ပါတယ်။စန္ဒီချိုက ချစ်ခင်ပွန်းရဲ့ အနုပညာအလုပ်တွေကိုလည်း အပြည့်အဝနားလည်ပေးတာဖြစ်လို့ တတ်နိုင်သလောက်ကိုပါရမီဖြည့်ပေးတာဖြစ်ပါတယ်။နိုင်းနိုင်းရဲ့ကလေးလေးယောက်လုံးကလည်း ချစ်မွေးအပြည့်ပါကြပြီး အဖေနဲ့လည်းတူသလို အမေနဲ့လည်းဆင်ကြလို့ ကြီးလာရင် အရမ်းချော၊အရမ်းလှမယ့် ကလေးလေးတွေဖြစ်ပါတယ်နော်။ 

Photo Credit:Sandy Cho's Facebook Account
Photo Credit:Sandy Cho's Facebook Account
Photo Credit:Sandy Cho's Facebook Account
Photo Credit:Sandy Cho's Facebook Account

စန္ဒီချိုက ချစ်ခင်ပွန်းရန်ကုန်ပြန်လာနေတဲ့အချိန်ဆိုရင် ကလေးလေးယောက်လုံးကို နွေးထွေးစွာစောင့်ရှောက်ပေးပြီး လိုလေသေးမရှိအောင်ဂရုစိုက်ပေးတာဖြစ်ပါတယ်။နိုင်းနိုင်းရဲ့ကလေးတွေကလည်း မျက်စိတမှိတ်အတွင်းမှာတင် အရွယ်ရောက်လာကြလို့ သမီးကြီးလေးဆိုရင် ကိုယ်ပိုင်ဝင်ငွေလေးကိုတောင် ရှာနိုင်နေပြီဖြစ်ပါတယ်။နိုင်းနိုင်းရဲ့မိသားစုလေးက အရမ်းသာယာအေးချမ်းပြီး ပျော်ရွှင်စရာတွေနဲ့သာပြည့်နှက်နေလို့ သူတို့မိသားစုရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Sandy Cho's Facebook Account
Photo Credit:Sandy Cho's Facebook Account
Photo Credit:Sandy Cho's Facebook Account
Photo Credit:Sandy Cho's Facebook Account
Photo Credit:Sandy Cho's Facebook Account
Photo Credit:Sandy Cho's Facebook Account

Source&Photo Credit:Sandy Cho's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T