သမီးကြီးကိုမွေးတုန်းက မျက်နှာလေးသာကြည့်ခွင့်ရခဲ့ပြီး မိန်းမနဲ့ကလေးကိုထားခဲ့ရတဲ့အထိ ခက်ခဲခဲ့တဲ့ဘဝအကြောင်း ပြောပြလာတဲ့ မင်းညီ

//s9.kh1.co/24/245f5f82f60920b61eceee49e1b36dc9024e93cf.jpg
အနုပညာရှင်များ

 ၁၃-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သမီးကြီးကိုမွေးတုန်းက မျက်နှာလေးသာကြည့်ခွင့်ရခဲ့ပြီး မိန်းမနဲ့ကလေးကိုထားခဲ့ရတဲ့အထိ ခက်ခဲခဲ့တဲ့ဘဝအကြောင်း ပြောပြလာတဲ့ မင်းညီ

ရုပ်ရှင်သရုပ်ဆောင်မင်းညီကတော့ အနုပညာအလုပ်တွေကို နှစ်ပေါင်းများစွာကြာအောင် လုပ်ကိုင်လာခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ် ။ အနုပညာကိုချစ်မြတ်နိုးပြီး စိတ်ရောကိုယ်ပါနှစ်ကာ လုပ်ကိုင်တတ်တဲ့ မင်းညီက ယနေ့အချိန်အထိတိုင်အောင် ဖျော်ဖြေပွဲတွေမှာ လူရွှင်တော်အဖြစ် ပါဝင်တင်ဆက်နေတာလည်း ဖြစ်ပါတယ် ။ ဘက်စုံတော်တဲ့မင်းညီက ဒါရိုက်တာအဖြစ်လည်း ဆောင်ရွက်ပြီး သူ့ရဲ့အနုပညာအရည်အချင်းတွေကို ပရိသတ်တွေအားလုံးသိအောင် ပြသနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Min Nyi's FB Acc
Photo Credit-Min Nyi's FB Acc
Photo Credit-Min Nyi's FB Acc
Photo Credit-Min Nyi's FB Acc

မင်းညီက ဘဝကိုရိုးရိုးရှင်းရှင်း ဖြတ်သန်းနေသူတစ်ဦးဖြစ်ပြီး အေးချမ်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ မင်းညီက ချစ်ဇနီးချောလေးအပါအဝင် ချစ်စရာကောင်းတဲ့ သမီးနှစ်ယောက်၊သားလေးတစ်ယောက်နဲ့ သာယာချမ်းမြေ့တဲ့ဘဝလေးကို အိမ်ထောင်ဦးစီးကောင်းပီသစွာ တည်ဆောက်နေတာပဲ ဖြစ်ပါတယ် ။ မနေ့ကတော့ ချစ်ရတဲ့သမီးလေးရဲ့ မွေးနေ့ဖြစ်တာကြောင့် ဖေဖေမင်းညီက သား၊သမီးတွေနဲ့အတူ Facebook မှာ Live လွှင့်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Min Nyi's FB Acc
Photo Credit-Min Nyi's FB Acc
Photo Credit-Min Nyi's FB Acc
Photo Credit-Min Nyi's FB Acc

သမီးကြီးရဲ့ (၁၃)နှစ်ပြည့်မွေးနေ့လေးမှာ အမှတ်တရ Live လွှင့်ပြီး စကားတွေပြောနေတဲ့ မင်းညီက ကလေးတွေကို ပျော်အောင်ထားပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် မင်းညီက သမီးကြီးကိုမွေးတုန်းက ဘေးနားမှာတောင် အတူမနေနိုင်ခဲ့ဘဲ မျက်နှာလေးသာခဏကြည့်ပြီး ဇာတ်ကားရိုက်ဖို့ခရီးထွက်ခဲ့ရတဲ့အထိ အနုပညာသမားတွေရဲ့ဘဝခက်ခဲကြောင်း ပြောပြခဲ့သေးတာလည်း ဖြစ်ပါတယ် ။ ကဲ ဖေဖေမင်းညီနဲ့ ချစ်စရာကောင်းတဲ့သား၊သမီးတွေရဲ့Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Min Nyi's FB Acc

Photo Credit-Min Nyi's FB Acc
Photo Credit-Min Nyi's FB Acc
Photo Credit-Min Nyi's FB Acc
Photo Credit-Min Nyi's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T