ဒေါက်ဖိနပ်ကိုမစီးတတ်စီးတတ်နဲ့ လဲကျမသွားအောင်ထိန်းနေရတဲ့ မိချိုကိုကြည့်ပြီး သဘောကျနေတဲ့ Sinon Loresca ရဲ့ အခွီး tik tok ဗီဒီယို

//s9.kh1.co/13/13d029bf6937dda13425a5ebda0625c6a2062d28.jpg
အနုပညာရှင်များ

 ၁၃-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ မြန်မာပရိသတ်တွေအပြင် အာရှနိုင်ငံတွေနှာ အောင်မြင်ကျော်ကြား​နေတဲ့ ဖီလစ်ပိုင်ဆယ်လီမော်လ်ဒယ် Sinon Loresca အားလုံးသိကြမယ်ထင်ပါတယ်။ သူဟာ မြန်မာနိုင်ငံကို ရောက်ရှိနေစဥ်ကတည်းက တမူထူးခြားတဲ့ နေထိုင်မှုတွေအပြင် တကယ့်ကို လေးစားအတုယူရလောက်မယ့် စိတ်ထားလေးတွေကြောင့် လူသိများလာခဲ့ပြီး ယခုဆိုရင် မြန်မာပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတာဖြစ်ပါတယ်။ လက်ရှိ အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေအပြင် Photo Shooting တွေကိုလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။

Photo Credit - Sinon Loresca fb page
Photo Credit - Sinon Loresca fb page
Photo Credit - Sinon Loresca fb page
Photo Credit - Sinon Loresca fb page

သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ အလှူပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် မကြာခဏ ဖော်ပြပေးတာတွေ့ရပါတယ်။ ဒါ့အပြင် Sinon Loresca ချစ်စရာကောင်းလောက်တဲ့ tik tok လေးတွေကိုလည်း ဆော့ကစားတာ တွေ့ရပါတယ်။ ယခုမှာတော့ Sinon Lorescaက ပရိသတ်တွေ ချစ်အားပိုလောက်မယ့် tik tok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Sinon Loresca fb page
Photo Credit - Sinon Loresca fb page
Photo Credit - Sinon Loresca fb page
Photo Credit - Sinon Loresca fb page

ဒီ ဗီဒီယိုလေးထဲမှာတော့ မိချိုဇာတ်ရုပ်နဲ့လူသိများလာတဲ့ ရှိုင်းက သူ့ရဲ့ဒေါက်ဖိနပ်ကိုစီးပြီး ချော်လဲမကျအောင်ထိန်းနေရတဲ့ ကြည့်ပြီး သဘောကျနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း မိချိုနဲ့ Sinon Lorescaတို့ရဲ့ ရယ်မောစရာ ဟာသ tik tok လေးကို သဘောကျချစ်ခင်မယ်လို့မျှော်လင့်မိပါတယ်။ ကဲ..... Sinon Lorescaကို ချစ်တဲ့ပရိသတ်တွေအတွက် ရယ်မောစရာကောင်းတဲ့ tik tok လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်VideoCredit & Source - Sinon Loresca fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T