သီချင်းဆိုထားတာကို ဖုန်းထဲ အသံသွင်းထားပြီး ပြန်နားထောင်ကြည့်မှ အလွဲတွေဖြစ်နေတာကြောင့် ရှက်သွားခဲ့ရတဲ့ ရွှေသမီးရဲ့ အခွီဗီဒီယိုလေး

//s9.kh1.co/a6/a6067485eb69f839b98c12957862ff434e80f49b.jpg
အနုပညာရှင်များ

 ၁၃-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် ရွှေသမီးကတော့ ပရိသတ်တွေ ရယ်မောသွားရလောက်အောင် အခွီဗီဒီယိုလေးတစ်ခုကို ဝေမျှလာပြန်ပါတယ်။ အနုပညာလမ်းကြောင်းထက်ကို ဝင်ရောက်လာခဲ့တာမကြာသေးပေမယ့်လည်း ပရိသတ်အသိအမှတ်ပြု အားပေးချစ်ခင်မှုကို အချိန်ခဏလေးအတွင် ရရှိခဲ့တဲ့ သူမက အောင်မြင်မှုတွေကိုလည်း တစ်ခဲနက်ရရှိထားသူပါ။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အကောင်းဆုံး သရုပ်ဆောင်မှုတွေနဲ့ ပါဝင်ရိုက်ကူးလေ့ရှိတဲ့ သူမကို အနုပညာရှင် အချင်းချင်းကပါ အားပေးအချစ်ပိုလေ့ရှိတာလည်း ဖြစ်ပါတယ်။

Photo credit - Shwe Thamee's Fb Account 
Photo credit - Shwe Thamee's Fb Account 
Photo credit - Shwe Thamee's Fb Account 
Photo credit - Shwe Thamee's Fb Account 

လိမ္မာရေးခြားရှိပြီး မိဘအပေါ် လိုလေသေးမရှိအောင် ထောက်ပံ့လေ့ရှိတဲ့ သူမရဲ့ စိတ်ထားလေးက မွန်မြတ်တာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို ကြိုးစားလုပ်ကိုင်နေရတဲ့ ရွှေသမီးက လှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက် စာမျက်နှာထက်မှာ ဝေမျှလေ့ရှိတာလည်း ဖြစ်ပါတယ်။ ယခုမှာလည်း ကြည့်မိသူတွေ ရယ်မောသွားရလောက်အောင် ဆော့ကစားထားတာ Tiktok ဗီဒီယိုလေးတစ်ခုကို တင်ပေးလာခဲ့ပါတယ်။

Photo credit - Shwe Thamee's Fb Account 
Photo credit - Shwe Thamee's Fb Account 
Photo credit - Shwe Thamee's Fb Account 
Photo credit - Shwe Thamee's Fb Account 

ဒါကတော့ သူမကိုယ်တိုင် သီချင်းဆိုပြီး အသံသွင်းထားကာ ပြန်နားထောင်ကြည့်မှ အသံတစ်မျိုးဖြစ်နေရတဲ့အတွက် အံ့သြနေခဲ့တာပဲ ဖြစ်ပါတယ်။ ရုပ်တည်ကြီးနဲ့ သရုပ်ဆောင်ထားပြီး ကြည့်မိသူပရိသတ်တိုင်း ရယ်မောသွားစေမိမှာ အသေအချာပဲဖြစ်လို့ အဆိုပါ ဗီဒီယိုဖိုင်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ ပရိသတ်တွေကလည်း ရွှေသမီးရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး Comments မှာ တစ်ခုခုရေးသားပေးခဲ့ပါအုန်းနော်......။ 

Photo credit - Shwe Thamee's Fb Account 
Photo credit - Shwe Thamee's Fb Account 

သတင်း အရင်းအမြစ် Source - Shwe Thamee's Fb Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T