ကရင်ရိုးရာဝတ်စုံလေး ဝတ်ဆင်ကာ ကရင်မလေးပါရှင့်လို့ ပရိသတ်တွေကို စနောက်ကာ ချစ်စရာကောင်းနေတဲ့ ရွှေကစ်လေး

//s9.kh1.co/c6/c6d0db125192a828edf63ed041f69160df55f65b.jpg
အနုပညာရှင်များ

 ၁၃-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ ပြည်သူအချစ်တော်လေး တစ်ဦး ဖြစ်တဲ့ နိုင်ငံကျော် မင်းသမီးလေး ဝတ်မှုံရွှေရည်ကတော့ ကလေးတစ်ယောက်လို ဖြူစင်ပြီး ချစ်ဖို့ကောင်းတဲ့ သူလေးဖြစ်ပါတယ်။သူမကတော့ သရုပ်ဆောင်ပိုင်းတွင် ထူးချွန်သူလေး ဖြစ်တာကြောင့် အကယ်ဒမီဆုတွေကိုပါ သိမ်းပိုက်ရရှိထားတဲ့ မင်းသမီးချော တစ်လက် ဖြစ်ပါတယ်။ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ ရွှေကစ်လေးကို အားလုံးက ဝိုင်းချစ်ကြပြီး သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို အမြဲ စောင့်ကြည့်ကာ အားမပေးတဲ့သူ မရှိသလောက်အောင် အောင်မြင်တဲ့ သူပဲဖြစ်ပါတယ်။

Photo Credit -Wutt Hmone Shwe Yi FB Account
Photo Credit -Wutt Hmone Shwe Yi FB Account
Photo Credit -Wutt Hmone Shwe Yi FB Account
Photo Credit -Wutt Hmone Shwe Yi FB Account

ကစ်ကတော့ ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးထားတဲ့ အပြင် နောက်ပိုင်းတွင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို အဓိက ထားရိုက်ကူးလာတာတွေ့ရပြီး ဖိတ်ကြားခံရတဲ့ ပွဲအခမ်းအနားတွေကိုလည်း အလှပဆုံး ဖက်ရှင်တွေနဲ့ တတ်ရောက်လေ့ရှိတာ ဖြစ်ပါတယ်။​ယခုဆိုရင်လည်း ကြော်ငြာတွေကို လက်ခံရိုက်ကူးနေတာ ဖြစ်ပြီး သူမရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်တွေကိုလည်း ပရိသတ်တွေ အတွက် အမြဲ မျှဝေလေ့ ရှိတဲ့ မင်းသမီးချောလေး ပဲဖြစ်ပါတယ်။ရွှေကစ်လေးဟာ ဖက်ရှင် အမျိုးမျိုးနဲ့ လိုက်ဖက်နေပြီး ဝင်းဝါစိုပြေတဲ့ အသားအရည်လေး အပြင် ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ဘော်ဒီလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

Photo Credit -Wutt Hmone Shwe Yi FB Account
Photo Credit -Wutt Hmone Shwe Yi FB Account
Photo Credit -Wutt Hmone Shwe Yi FB Account
Photo Credit -Wutt Hmone Shwe Yi FB Account

ရွှေကစ်လေးရဲ့ ပရိသတ်တွေက ဖက်ရှင်နဲ့ အလှအပတွင် ဘုရင်မတစ်ပါးလို့ တင်စားခေါ်လေ့လည်းရှိပါတယ်။အခုတစ်ခါမှာတော့ မြင်သူတိုင်းရင်ထဲကို အေးချမ်းသွားစေမယ့် ကရင်နှစ်သစ်ကူးနေ့လေးမှာ ကရင်မဝတ်စုံလေးနဲ့ လိုက်ဖက်နေပြန်တာလည်း ဖြစ်ပါတယ်။"ဒီနေ့တော့ ကရင်မလေးပါရှင့် ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးနေ့လေး ဖြစ်ပါစေလို့ ကစ်က ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်"ဆိုတဲ့စာသားလေးနဲ့ အတူ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်း ကစ်လေးကို အားပေးကြမှာ အမှန်ပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit -Wutt Hmone Shwe Yi FB Account
Photo Credit -Wutt Hmone Shwe Yi FB Account
Photo Credit -Wutt Hmone Shwe Yi FB Account
Photo Credit -Wutt Hmone Shwe Yi FB Account
Photo Credit -Wutt Hmone Shwe Yi FB Account
Photo Credit -Wutt Hmone Shwe Yi FB Account

သတင်း အရင်းအမြစ်Wutt Hmone Shwe Yi FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T