ရုပ်ရှင်နှစ် ၁၀၀ ပြည့်အတွက် ပြက္ခဒိန် ပိုစတာရိုက်ကွင်းက အမှတ်တရပုံလေးတွေတင်လိုက်တဲ့ မို့မို့မြင့်အောင်

//s9.kh1.co/68/6821cd2b0126d4bb6b44028dfc628895867ef567.jpeg
အနုပညာရှင်များ

 ၁၃-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.....

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချော မို့မို့မြင့်အောင်ကတော့ အနုပညာလောကရဲ့ လင်းလက်တဲ့ ကြယ်ပွင့် တစ်ဦးဖြစ်သလို ထပ်ဆင့်အကယ်ဒမီဆုပိုင်ရှင်တစ်ယောက်ပါ ။ သရုပ်ဆောင်စွမ်းရည်ပြည့်ဝပြီး အချိန်အတော်ကြာအောင် အနုပညာလောကမှာ ရပ်တည်အောင်မြင်လာခဲ့တဲ့ မို့မို့မြင့်အောင်က လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေဆဲ ဖြစ်ပါတယ်။

Photo Credit : Moh Moh Myint Aung Facebook Page 
Photo Credit : Moh Moh Myint Aung Facebook Page 
Photo Credit : Moh Moh Myint Aung Facebook Page 
Photo Credit : Moh Moh Myint Aung Facebook Page 

တစ်ခေတ်တစ်ခါတည်းက အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်ခဲ့ပြီး အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ မို့မို့မြင့်အောင်က သရုပ်ဆောင်အိုင်တင်နဲ့ ပက်သက်ရင် ဘက်စုံတော်တဲ့သူတစ်ယောက်ဖြစ်လို့ ကျရာဇာတ်ရုပ်တိုင်းမှာ ပိုင်နိုင်တိကျတဲ့ သူမရဲ့ အိုင်တင်တွေက ပရိသတ်တွေအကြိုက်နဲ့ထပ်တူညီခဲ့ပါတယ်နော်။

Photo Credit : Moh Moh Myint Aung Facebook Page 
Photo Credit : Moh Moh Myint Aung Facebook Page 
Photo Credit : Moh Moh Myint Aung Facebook Page 
Photo Credit : Moh Moh Myint Aung Facebook Page 

သူရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် အမြဲဖော်ပြလေ့ရှိတာလည်းဖြစ်ပါတယ်။ လတ်တလောမှာလည်း ရုပ်ရှင်နှစ် ၁၀၀ ပြည့်အတွက် ပြက္ခဒိန် ပိုစတာရိုက်ကွင်းက အမှတ်တရပုံလေးတွေနဲ့အတူ "သဲသဲတုံလေးတို့ရေ လွမ်းလှပြီဆိုလိုတင်ပေးလိုက်တယ်နော်။ ရုပ်ရှင်နှစ်၁၀၀ အတွက်ပြက္ခဒိန် ပိုစတာ  မဂ္ဂဇင်း ကာဘာအတွက်ရိုက်ပုံလေးတွေတင်ပေးလိုက်တယ်နော်။မိတ်ကပ် အဝတ်အစားဆင်ပေးတဲ့ ပေါက်ပေါက် [မိုးကုတ်ပေါက်ပေါက်]ကိုကျေးဇူးတင်ပါ  ပေါက်ရေ ကျေးဇူးပါ။" ဆိုတဲ့စာလေးကိုဖော်ပြထားရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်မျှဝေပေးလိုက်ပါရစေ။

Photo Credit : Moh Moh Myint Aung Facebook Page 
Photo Credit : Moh Moh Myint Aung Facebook Page 
Photo Credit : Moh Moh Myint Aung Facebook Page 
Photo Credit : Moh Moh Myint Aung Facebook Page 

Source & Photo Credit : Moh Moh Myint Aung Facebook Page 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T