အနေဝေးပေမယ့်လည်း အချိန်တိုင်းတိုင်းလိုလိုချစ်သူနဲ့ဗီဒီယိုကောလ်ပြောနေရတာကြောင့် စိတ်ချမ်းသာပျော်ရွှင်နေတဲ့ အေသင်ချိုဆွေ

//s9.kh1.co/1a/1a2ad4306e2beed5786caa164a2b1e5679b34b42.jpeg
အနုပညာရှင်များ

 ၁၃-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုတတ်ပြီး  ပရိသတ်တွေရဲ့ ရင်ထဲထိ  ဝင်ရောက်နေရာယူထားသူကတော့  အဆိုတော်မလေး  အေသငိချိုဆွေပဲ  ဖြစ်ပါတယ်။  အေသင်ဟာ  အဆိုဘက်တွင်သာမကဘဲ  သရုပ်ဆောင်ဘက်မှာပါ  ထူးချွန်ပြီး   လွန်ခဲ့တဲ့ နှစ်အနည်းငယ်က  ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တာလည်း  ဖြစ်ပါတယ်။  သူမရဲ့ အသံလေးကိုလည်း  ပရိသတ်တွေကနှစ်သက်သဘောကျတာကြောင့်  ကိုယ်ပိုင်သံစဉ်တေးသီချင်းများသာမကဘဲ  ပြန်ဆိုတေးများစွာကိုလည်း  အားပေးနားဆင်ခဲ့ကြတာလည်း  ဖြစ်ပါတယ်။

Photo Crd- Athen Cho Swe’s Facebook Account 

သူမဟာ  လတ်တလောမှာတော့  ဂီတနဲ့ပတ်သတ်ပြီး လှုပ်ရှားမှုမရှိသေးဘဲ  အပင်လေးတွေရောင်းရင်း  ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို  လုပ်ကိုင်နေတာလည်း  ဖြစ်ပါတယ်။  ဒါ့အပြင်  ချစ်သူလေးနဲ့အတူ  နားလည်မှုရှိရှိ လက်တွဲကာ အခက်အခဲမှန်သမျှရင်ဆိုင်ဖြေရှင်းဖြတ်ကျော်နေတာလည်း  ဖြစ်ပါတယ်။  သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း  ပရိသတ်တွေကို ဝေမျှပေးနေပြီး  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  အေသင်ရဲ့ Facebook Story မှာ ပုံလေးတွေ တင်ထားတာပဲ  ဖြစ်ပါတယ်။

Photo Crd- Athen Cho Swe’s Facebook Account 
Photo Crd- Athen Cho Swe’s Facebook Account 
Photo Crd- Athen Cho Swe’s Facebook Account 
Photo Crd- Athen Cho Swe’s Facebook Account 
Photo Crd- Thu Ya Aung’s Facebook Account 
Photo Crd- Thu Ya Aung’s Facebook Account 

ဒါကတော့ အနေဝေးပေမယ့်လည်း အချိန်တိုင်းတိုင်းလိုလိုချစ်သူနဲ့ဗီဒီယိုကောလ်ပြောနေရတာကြောင့်  စိတ်ချမ်းသာပျော်ရွှင်နေတာပဲ  ဖြစ်ပါတယ်။  ဒါ့အပြင် သူမရဲ့ပုံကိုကြည့်ပြီး ချစ်သူအရည်တွေပျော်ကာတဖြုတ်ဖြုတ်ကြွေဆင်းသွားတဲ့ပုံလေးကို ထုတ်ပြလိုက်တာပဲ  ဖြစ်ပါတယ်။  ပရိသတ်တွေလည်း  သိရှိနိုင်စေရန်အတွက် ဒီသတင်းလေးကို တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Athen Cho Swe’s and Thu Ya Aung’s  Facebook Account 

Photo Crd- Athen Cho Swe’s Facebook Account 
Photo Crd- Athen Cho Swe’s Facebook Account 
Photo Crd- Athen Cho Swe’s Facebook Account 
Photo Crd- Athen Cho Swe’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T