ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အ၀ရရှိထားပြီး အောင်မြင်ကျော်ကြားမှုတွေနဲ့ရပ်တည်နေတဲ့သူလေးကတော့ စန္ဒီမြင့်လွင်ပဲဖြစ်ပါတယ်နော်။ ဒီးဒီဟာ သာယာချမ်းမြေ့စရာကောင်းတဲ့ မိသားစုဘ၀လေးကိုလည်းတည်ထောင်ထားတာဖြစ်ပြီးတော့ ချစ်စရာအရမ်းကောင်းတဲ့ သမီးလေး Treasureလေးကိုပါပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

Photo credit-Sandy Myint Lwin's Facebook page
Photo credit-Sandy Myint Lwin's Facebook page

Treasureလေးဟာလည်း ပါးဖောင်းဖောင်းလေးနဲ့ အရမ်းအသည်းယားစရာကောင်းတာကြောင့် ပရိသတ်တွေရော အနုပညာရှင်အချင်းချင်းရောပါ ချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။ Treasureလေးဟာလည်း မေမေဒီးဒီနဲ့ရုပ်ချင်းအရမ်းဆင်တူတာဖြစ်ပြီးတော့ အသည်းယားစရာကောင်းအောင် နှုတ်ခမ်းလေးကိုလည်း စူပြတတ်သေးတာဖြစ်ပြီး မေမေနဲ့အတူတွဲပြီးလည်း ကြော်ငြာလေးတွေရိုက်နေတာဖြစ်ပါတယ်။

Photo credit-Sandy Myint Lwin's Facebook page
Photo credit-Sandy Myint Lwin's Facebook page

Treasureလေးရဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို ‌မေမေရောဖေဖေရောက မကြာခဏဆိုသလိုတင်ပေးတတ်ပါတယ်။ အခုဆိုရင်လည်း မေမေဒီးဒီဟာ သူမရဲ့ Tik Tok accလေးမှာ Treasureလေးရုပ်ပြောင်လုပ်နေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Sandy Myint Lwin's Facebook page
Photo credit-Sandy Myint Lwin's Facebook page

သတင်းအရင်းမြစ်: Treasure's Family Tik Tok acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။