မော်လ်ဒယ်မင်းသရုပ်ဆောင် နွယ်နွယ်ထွန်းကတော့ ယောကျာ်းလေး ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နွယ်နွယ်ထွန်းက အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေအပြင် photo shootingတွေလည်းရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူမဟာ အချိုးအစားပြေပြစ်တဲ့ ကိုယ်လုံးလေးအပြင် ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားကာ ချစ်စရာကောင်းနေတဲ့ သူပဲ ဖြစ်ပါတယ်။


နွယ်နွယ်ထွန်း က ဝတ်စားဆင်ယဉ်မှုတွေမှာလည်း မြန်မာဖက်ရှင်ဝတ်စုံလေးတွေထက် အလန်းစားဖက်ရှင်ဝတ်စုံလေးတွေကို ပိုပြီး ဝတ်ဆင်တတ်တာ ကိုတွေ့ရပါတယ်။ ယနေ့မှာဆိုရင် ပရိသတ်တွေရဲ့ အချစ်တော်လေး နွယ်နွယ်ထွန်း ရဲ့ မွေးနေ့လေးကို ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ မွေးနေ့လေးမှာပဲ နွယ်နွယ်ထွန်း က ပရိသတ်တွေ အသည်းကြွေလောက်မယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ် ။


ဒီပုံလေးထဲမှာတော့ နွယ်နွယ်ထွန်း က အမိုက်စားကားသစ်ကြီးနဲ့အတူ အဖြူရောင်ဝတ်စုံလေးဝတ်ဆင်ပြီး ဆွဲဆောင်မှုရှိရှိ အသည်းယားစရာအမူအရာလေးတွေ နဲ့ ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေ နဲ့လည်း နွယ်နွယ်ထွန်း က " အချစ်က ဇန်နဝါရီလမှာမွေးတယ်" ဆိုတဲ့ Caption လေးနဲ့ ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယနေ့ကျရောက်တဲ့ အချစ်တော်လေး နွယ်နွယ်ထွန်း ရဲ့ မွေးနေ့လေးကိုလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်...။


သတင်းအရင်းမြစ်: Source - Nwe Nwe Tun fb account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။