Sinon ကတော့ ဖိလစ်ပိုင်နိုင်ငံက Cat Walk King ဖြစ်ပြီး ကမ္ဘာကျော်တဲ့အထိ အောင်မြင်နေသူတစ်ဦးပဲ ဖြစ်ပါတယ် ။ အလုပ်ကိစ္စတွေကြောင့် မြန်မာပြည်ကိုရောက်ရှိလာခဲ့တဲ့ Sinon က အခုချိန်အထိ ဒီမှာပဲအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ Sinon က သရုပ်ဆောင်တစ်ဦးလည်းဖြစ်တာကြောင့် မြန်မာနိုင်ငံက နာမည်ကြီးအနုပညာရှင်တွေနဲ့ပါ အတူလက်တွဲပြီး ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ရတာလည်း ဖြစ်ပါတယ် ။


Sinon က စိတ်သဘောထားကောင်းပြီး မာန်မာနကင်းသလို မြန်မာနိုင်ငံကိုလည်း ချစ်မြတ်နိုးတာကြောင့် အားလုံးက သူ့ကို သဘောကျချစ်ခင်ကြတာ ဖြစ်ပါတယ် ။ Sinon အနေနဲ့ကလည်း မြန်မာနိုင်ငံမှာနေတုန်း အမှန်တကယ်လိုအပ်ပြီး ဒုက္ခရောက်နေတဲ့သူတွေကိုတွေ့ရင် သူကိုယ်တိုင် လိုက်လံကူညီပေးတတ်တာ ဖြစ်ပါတယ်။ အခုလည်း ပျော်ပျော်နေတတ်တဲ့ Sinon က မိချိုနဲ့တွေ့ဆုံပြီး ဟာသဗီဒီယိုတွေ ပျော်ပျော်ပါးပါး ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ် ။


Sinon နဲ့ မိချိုတို့နှစ်ယောက်က အခုတလောမှာရေပန်းစားနေတဲ့ စကားတွေအပြန်အလှန်ပြောပြီး သူပြိုင်ကိုယ်ပြိုင် ဒွန့်နေကြတာ ဖြစ်ပါတယ် ။ နှစ်ယောက်သား အားရပါးရလှုပ်ခါပြီး စကားပြောနေရင်းနဲ့ Sinon ခေါင်းပေါ်က သရဖူကပြုတ်ကျသွားတာကြောင့် ဟန်တောင်မဆောင်နိုင်တော့ဘဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခွီလိုက်ကြတာ ဖြစ်ပါတယ် ။ ကဲ အူတက်အောင်ရယ်နေရတဲ့ Sinon နဲ့ မိချိုတို့ရဲ့ဟာသဗီဒီယိုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Video Credit-Shine Wunna's Tik Tok Acc


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။