ချစ်ပရိသတ်ကြီးရေ ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင် သရုပ်ဆောင်မှုတွေအပြင် ပွင့်ပွင့်လင်းလင်းနဲ့ စကားပြောဟန်ပန်လေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကိုပိုင်ဆိုင်ထားသူကတော့ နှိုင်းယှဉ်မြင့်မိုရ်ပဲဖြစ်ပါတယ် ။စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်နေတတ်တဲ့ မိသားစုပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို သဘောကျစေခဲ့တာပဲ ဖြစ်ပါတယ်နော်။

Photo Credit : နှိုင်းယှဉ်မြင့်မိုရ် facebook Page 
Photo Credit : နှိုင်းယှဉ်မြင့်မိုရ် facebook Page 

ခုလိုကိုဗစ်ကာလလေးမှာတော့ အနုပညာအလုပ်တွေ နားထားပေမယ့်လည်း အွန်လိုင်းကနေ ကျောက်မျက်ရတနာတွေကို Live Sales ရောင်းချပေးလေ့ရှိရာ ဝယ်ယူအားပေးသူတွများခဲ့တာလည်းဖြစ်ပါတယ် ။ ဒါ့အပြင် အလှူအတန်းတွေဆိုရင်လည်း တတ်နိုင်သလောက် ပါဝင်ကူညီလှူဒါန်းလေ့ရှိတာလည်းတွေ့ရပါတယ် ။

Photo Credit : နှိုင်းယှဉ်မြင့်မိုရ် facebook Page 
Photo Credit : နှိုင်းယှဉ်မြင့်မိုရ် facebook Page 

သူရဲ့လှုပ်ရှားမှုပုံလေးတွေကိုလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် အမြဲဖော်ပြလေ့ရှိတာလည်းဖြစ်ပါတယ်။ အခုလည်း ညီနန္ဒနဲ့အတူ အထာကျကျဖက်ရှင်လေးတွေကို ဆင်မြန်းကာ အမိုက်စားရိုက်ချက်တွေနဲ့ဖန်တီးရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကိုဝေမျှထားတာတွေ့ရပါတယ်။ ပုံလေးတွေတိုင်းမှာ နှစ်ယောက်လုံး မိမိုက်လွန်းနေတာကြောင့် ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit : နှိုင်းယှဉ်မြင့်မိုရ် facebook Page 
Photo Credit : နှိုင်းယှဉ်မြင့်မိုရ် facebook Page 

Source & Photo Credit : နှိုင်းယှဉ်မြင့်မိုရ် facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။