ပရိသတ်ကြီးရေ.. ဘေဘီလို့အားလုံးက ချစ်စနိုးခေါ်ကြပြီး စကားပြောပွင့်လင်းပြီး ချစ်စရာကောင်းလွန်းနေတဲ့ ဟန်ပန်လေးတွေနဲ့ မြင်သူတိုင်းကို အချစ်ပိုစေသူလေးကတော့ သရုပ်ဆောင်မင်းသမီးချောလေး ဘေဘီမောင်ပဲ ဖြစ်ပါတယ်နာ်..။

ဆွဲဆောင်မှုရှိတဲ့ဟန်ပန်လေးတွေနဲ့ ညို့အားပြင်းပြီးအချိုးအစားကျလွန်းတဲ့ ခန္ဓာကိုယ်အလှတရားလေးတွေကို ပိုင်ဆိုင်ထားတာလေးတွေကြောင့်လည်း ပုရိသပရိသတ်တွေကြား အမြဲရေပန်းစားအောင်မြင်နေကာ မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်နေကြတာပါ..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

ဘေဘီလေးကတော့ ဇာတ်ကားတွေများစွာရိုက်ကူးကာ ကြော်ငြာတွေလည်း ရိုက်ကူးနေသလို Live Sale တွေမှာလည်း မကြာခဏတွေ့မြင်ရသလို အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်ပြီး သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိသူလေးလည်း ဖြစ်ပါတယ်..။

အလှူအတန်းတွေကို မကြာခဏပြုလုပ်လေ့ရှိပြီး ကောင်းမှုကုသိုလ်လေးတွေအမြဲပုလုပ်တတ်တဲ့ ဘေဘီလေးကတော့ အခုတစ်ခါမှာလည်း ခမ်းနားထည်ဝါပြီးသပ္ပါယ်လွန်းတဲ့ ဘုရားခန်းမှာမိခင်ဖြစ်သူနဲ့အတူ ဘုရားဝတ်ပြုကုသိုလ်ယူနေတဲ့ ပုံရိပ်လေးတွေကိုလည်း ဝေမျှလာပါတယ်နော်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

"ဗုဒ္စဟူးနေ့ကုသိုလ်🙏🏻

ပြုသမျှ ကုသိုလ်ကောင်းမှု အစုစုအား ၇ရက်သားသမီးအား အမျှပေး‌ဝေပါ၏ 🙏🏻🙏🏻🙏🏻

ရတနာစိန်ကျောက်ပမာလှပတဲ့ ဆီမီးခွက်ဖြင့် ဆီမီးပူဇော်ကုသိုလ်ပြုထားပါတယ် 🙏🏻🙏🏻🙏🏻

ရွှေရောင်ကြာပန်းသောက်တော်ရေခွက် နဲ့ သောက်တော်ရေချမ်း ကပ်လှူရခြင်းကြောင့် သတ္တဝါအပေါင်း အေးချမ်းသာယာပြီး ကပ်ကြီး ၃ ပါးမှ ကင်း‌ဝေးကြပါစေ🙏🏻

ဘုရားကျောင်းဆောင်သုံးပစ္စည်းအသစ်အဆန်းများကို ရောင်းချပေးပါသော Mingalar Buddha အား ကျေးဇူးတင်ပါတယ်🙏🏻🙏🏻🙏🏻.." ဆိုပြီး ကုသိုလ်ယူနေတဲ့ ပုံရိပ်လေးတွေကို ဝေမျှထားတာပါ..။

ပရိသတ်တွေကလည်း ဘေဘီလေးရဲ့ အလှူကုသိုလ်လေးတွေကို ကြည့်ရင်း အေးချမ်းမှုပီတိလေးတွေ ကူးစက်ကြကာ သဘောကျနေကြပြီး ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

သတင်းအရင်းမြစ်: Baby Maung's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။