ပရိသတ်ကြီးရေ...... မင်းသမီးချောလေး ဘေဘီမောင်ကတော့ အောင်မြင်နေတဲ့သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခင်မှုတွေကို အပြည့်အဝရရှိနေတဲ့သူလေးပဲဖြစ်ပါတယ်နော်။ သူမဟာမော်လ်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကိုစတင်၀င်ရောက်လာခဲ့တာဖြစ်ပြီး ကြိုးစားအားထုတ်မှုတွေကြောင့် ပရိသတ်အသိအမှတ်ပြုတဲ့ မင်းသမီးတစ်လက်လည်းဖြစ်နေပြီ ဖြစ်ပါတယ်......။

Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc

ဘေဘီမောင်ဟာ အဆိုတော်သားဂန်းနဲ့လည်း ကြည်နူးစရာကောင်းတဲ့ relationshipတစ်ခုကိုတည်ထောင်ထားတာပါနော်....။သူမတို့စုံတွဲလေးဟာ romanticဆန်တဲ့ မနဲ့မောင်စုံတွဲလေးဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးနားလည်မှုရှိစွာနဲ့ ရှေ့ဆက်နေကြတဲ့သူတွေဖြစ်ပါတယ်။ ဘေဘီမောင်ဟာမြန်မာ၀တ်စုံလေးတွေကို online shoppingလုပ်ကာရောင်းနေတာလည်းဖြစ်သလို သူမကိုယ်တိုင်လည်းဆိုင်ဖွင့်လှစ်ထားတာဖြစ်ပြီး မြန်မာ၀တ်စုံလေးတွေကို မြတ်နိုးစွာ၀တ်ဆင်လေ့ရှိပါတယ်.....။

Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc

ဘေဘီမောင်ဟာ စီးပွားရေးဘက်မှာရော အနုပညာဘက်မှာပါကြိုးစားနေတဲ့သူဖြစ်ပြီး မကြာသေးမီကလည်း သူမရဲ့လုပ်အားနဲ့ကြိုးစားရှာဖွေထားတဲ့ ငွေလေးတွေစုဆောင်းပြီး တန်ဖိုးကြီး ပတ္တမြားလည်ဆွဲလေးကို၀ယ်ယူခဲ့ကာ သူမရဲ့ Facebook my day လေးမှာတင်ပေးလာခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc

သတင်းအရင်းမြစ်: Baby Maung's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။