မြန်မာနိုင်ငံရဲ့ နာမည်ကြီး အလှဖန်တီးရှင်တစ်ဦးဖြစ်တဲ့အပြင် ဟာသဗီဒီယိုလေးတွေလည်း ရိုက်တတ်တဲ့ မိတ်ကပ်ညီညီမောင်(စမ်းချောင်း) ကိုပရိသတ်ကြီးအားလုံးသိကြမယ်ထင်ပါတယ်နော်။ဒါ့အပြင် သုရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ပရိသတ်တွေက တစ်ခဲနက်အားပေးဝန်းရံကြပြီး အရမ်းကြိုက်နှစ်သက်ခဲ့ရတာပါနော်။


သူမရဲ့ ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ပင်ကိုယ်ဟန်ပန်အမူအရာလေးတွေနဲ့ အခွီလေးတွေကြောင့်လည်း ယောကျ်ားလေးတွေကော မိန်းကလေးပရိသတ်တွေကပါ အားလုံးချစ်ခင်နေကြတာဆိုလည်း မမှားပါဘူးနော်။ ဒါ့အပြင် သုသုက အလုပ်ကြိုးစားသလို အမြဲပျော်ပျော်နေတတ်သူလေးလည်းဖြစ်တာကြောင့် ပရိသတ်တွေ အချစ်ပိုနေရတာလည်း ဖြစ်ပါတယ်။


လတ်တလောမှာတော့ သူမရဲ့ မျက်နှာကိုခွဲစိတ်ပြုပြင်မှုမလုပ်ရခင် လွန်ခဲ့တဲ့ ငါးနှစ်ကပုံလေးတွေကို အမှတ်တရ ထုတ်ပြလာတာဖြစ်ပါတယ်။ ပုံလေးတွေကြည့်ပြီး လုံးဝမထင်ရသလို သုတစ်ယောက်အခုဆိုရင် အရမ်းကိုပြောင်းလဲပြီး ချောလာတာအမှန်ပါပဲနော်။ သုကမာန်မာနလည်းမရှိသလို အမြဲဖော်ဖော်ရွေရွေ ဆက်ဆံတတ်တာကြောင့် ပရိသတ်တွေက အရမ်းချစ်နေရတာပါ။ ပရိသတ်ကြီးအတွက် သုသုရဲ့ပုံလေးတွေကိုကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။


Source & Photo Credit : Nyi Nyi Maung Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။