အဆိုတော်အိမ့်ချစ်ကတော့ ဖခင်ဆီကအနုပညာအမွေကိုဆက်ခံထားပြီး တေးသီချင်းလောကမှာ အောင်မြင်ကျော်ကြားနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အိမ့်ချစ်က အိမ်ထောင်ကျသွားပြီးနောက်ပိုင်းမှာ ချစ်ခင်ပွန်းနဲ့အတူ ဘန်ကောက်မှာခဏလိုက်နေပြီး ယခုချိန်မှာတော့ ရန်ကုန်မှာအနုပညာအလုပ်လေးတွေလုပ်ကိုင်နေတာဖြစ်ပါတယ်။အိမ့်ချစ်တို့ဇနီးမောင်နှံနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး နားလည်မှုအပြည့်နဲ့လက်တွဲနေကြတဲ့ အိမ်ထောင်ရေးလေးပဲဖြစ်ပါတယ်နော်။



အိမ့်ချစ်ဟာဆိုရင် အားပေးချစ်ခင်ကြတဲ့ပရိသတ်အများအပြားကိုပိုင်ဆိုင်ထားလို့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေတာဖြစ်ပါတယ်။အိမ့်ချစ်ကတော့ ဘာသာတရားလည်းကိုင်းရှိုင်းလို့ နေ့တိုင်းအဓိဌာန်တွေဝင်ပြီး ကောင်းမှူကုသိုလ်တွေပြုလုပ်နေတာဖြစ်ပါတယ်နော်။အိမ့်ချစ်က စိတ်သဘောထားပြည့်ဝပြီး အလှူအတန်း၊အပေးအကမ်းလည်းရက်ရောတာကြောင့် သူမရဲ့စိတ်ဓာတ်လေးကို ပရိသတ်တွေကချီးကျူးနေကြတာဖြစ်ပါတယ်။


အခုဆိုရင်လည်း အိမ့်ချစ်က သူမတို့ဇနီးမောင်နှံရဲ့စေ့စပ်လက်စွပ်လေးကို သဒ္ဒါတရားထက်သန်လွန်းလို့ အောင်သိဒ္ဓိဘုရားမှာ လှူဒါန်းလိုက်တာဖြစ်ပါတယ်နော်။အိမ့်ချစ်ကတော့"မွန်ဘုရင်မကြီးရှင်စောပုကိုးကွယ်ခဲ့သော အောင်သိဒ္ဓိဘုရားများကို(၇)ကြိမ်မြောက်အိမ်သို့ပင့်ဆောင်ပူဇော်ပြီး ကိုEric နဲ့ အိမ့်ချစ်တို့ရဲ့ စေ့စပ်လက်စွပ်နှစ်ကွင်းကို လှူဒါန်းခဲ့ပါသည် နတ်လူသာဓုခေါ်စေသော်"ဆိုပြီး သူမရဲ့အလှူကို သာဓုခေါ်လို့ရအောင်လို့ ချစ်ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာမှာ တင်ပေးလာတာဖြစ်ပါတယ်နော်။



Source&Photo Credit:Eint Chit's Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။