တခါတလေ ကျရင် ကိုယ့်ရဲ့ ဝါသနာကို ရှာမတွေ့ ပဲ ဟိုရောက် ဒီရောက်ဖြစ်နေတတ်ပါတယ်။ အဲ့ဒီလို လူမျိုးတွေအတွက်ဆိုရင် မိန်းမယူလိုက်ဖို့ အကြံပေးချင်ပါတယ်။

Noel Cruz ဆိုတဲ့ ဖီလစ်ပီးနိုး-အမေရီကန် အနုပညာရှင် တစ်ယောက်ဟာဆိုရင် မိန်းမ မရခင်အထိ ကိုယ့်ရဲ့ ဝါသနာကို ရှာမတွေ့ပဲ ဟိုယောင်ဒီယောက်နဲ့ ဖြတ်သန်းခဲ့ပါတယ်။ အဲ့ဒါနဲ့ သူယူလိုက်တဲ့ မိန်းမ က အရုပ်စုဆောင်းတာကို ဝါသနာပါတဲ့သူဖြစ်ပါတယ်။

တစ်နေ့ကျတော့ သူ့မိန်းမရဲ့ အရုပ်တွေကို ကြည့်ရင်းနဲ့ အကြံအဉာဏ်တစ်ခုရသွားပါတယ်။ အရုပ်တွေရဲ့ မျက်နှာကို ဆေးခြယ်ပြီး နာမည်ကျော်ကြားတဲ့သူတွေနဲ့ တူအောင်ပြုပြင်ဖို့ပဲဖြစ်ပါတယ်။

ထိုကဲ့သို့ ဆေးခြယ်ခြင်းဟာလွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အင်မတန်ကို ခတ်ခဲတာဖြစ်ပါတယ်။ အရုပ်တွေရဲ့ မျက်နှာက အလွန်သေးပြီးတော့ ကုမ္ပဏီတွေက ထုတ်တဲ့ ready made အရုပ်တွေကို သေချာ ပြင်ဆင်ပြီးလုပ်ရတာဖြစ်ပါတယ်။ အရုပ်တွေကို ဝတ်ပေးဖို့ အကျႌကိုပါရှာရတဲ့ အတွက် ဘယ်လောင်ခတ်ခဲလဲ ဆိုတာ စဉ်းစားကြည့်ရဲုနဲ့ သိပါတယ်။

ပထမဦးဆုံးအနေနဲ့ အရုပ်တွေကို ကိုယ်တူစေချင်တဲ့ သူရဲ့ အသားအရောင်ကို တူအောင် ခြယ်ရတာဖြစ်ပါတယ်။ အပြင်မှာ မိတ်ကပ်ခြယ်ပေးသလိုပဲ ခြယ်ရတာဖြစ်ပါတယ်။ ပြီးတော့ အရုပ်ရဲ့ မလိုအပ်တဲ့ နေရာတွေ ကိုယ်ပုံတူဆွဲ မဲ့ သူနဲ့ အရမ်းကွာခြားတဲ့ ဟာတွေကို ဖြတ်တောက်ပြီးလုပ်ရတဲ့ အတွက် တစ်ခုပြီးဖို့ဆို အနည်းဆုံးနာရီ ၄၀ လောက်ကြာပါတယ်။

အဲ့ဒီလိုမျိုး သေချာစျေးခြယ်ပြီး တူအောင်ဝတ်ထားတဲ့ အရုပ်တွေက တစ်ရုပိကို ဒေါ်လာ ၅၀၀ က နေ ဒေါ်လာ ၄,၃၀၀ ထိကျတဲ့ အတွက်တော်တော်စျေးကြီးတယ်လို့လဲပြောရမှာပေါ့နော်။

translated by Anna

Source: 9gag

Superman
Captain Jack Sparrow
Voldemort
Harry Poter
Marilyn Monroe
Farrah Fawcett in Charlie's Angel
Lady Gaga
Michael Jackson

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။