တယ်လီဂရမ်အမည်ရှိ လူမှုကွန်ရက်ဆော့ဝဲလ်အသုံးပြုခြင်းကို မလေးရှားအစိုးရအနေဖြင့် တားမြစ်တင်းကြပ်ဖို့ အစီအစဉ်မရှိကြောင်း ဒုတိယ ဝန်ကြီးချုပ် အာမတ် ဇာဟစ် ဟာမီဒီပြောကြားခဲ့မှုကို channelnewsasia မှာဖော်ပြထားပါတယ်။ 

လက်ရှိမှာတော့တယ်လီဂရမ်အမည်ရှိလူမှုကွန်ရက်ဆော့ဝဲလ်အသုံးပြုမှုကိုအင်ဒိုနီးရှားအစိုးရကတားမြစ်ဖို့ဆုံးဖြတ်ထားပါတယ်။အဆိုပါလူမှုကွန်ရက်ဆော့ဝဲလ်မှတော်လှန်ရေး၀ါဒီတွေနဲ့အကြမ်းဖက်သမားတွေရဲ့၀ါဒဖြန့်မှုတွေပြည့်နှက်နေတယ်ဆိုပြီးအသုံးပြုမှုကိုအင်ဒိုနီးရှားနိုင်ငံမှာတားမြစ်ခဲ့ပေမယ့် မလေးရှားအစိုးရအနေနဲ့ တားမြစ်ဖို့အစီအစဉ်မရှိကြောင်း မလေးရှား ဒု ဝန်ကြီးချုပ်က အခုလို ပြောကြားလိုက်တာပါ။ 

ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေဟာ တယ်လီဂရမ်အမည်ရှိလူမှုကွန်ရက်ဆော့ဝဲလ်နဲ့ သက်ဆိုင်မှု ရှိ၊မရှိကို မလေးရှားအာဏာပိုင်တွေက စောင့်ကြည့်လေ့လာခဲ့ပေမယ့် သက်သေအထောက်အထား တစ်စုံတစ်ရာ မတွေ့ခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။

Aung

သတင်းအရင်းမြစ် channelnewsasia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။