Myanmar idol အဆိုပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဥ်ပြိုင်ရင်း ပရိသတ်တွေရဲ့ အချစ်တွေကိုသိမ်းပိုက်ထားသူကတော့ ဘီလီလမင်းအေး ပဲဖြစ်ပါတယ်။ ယခုဆိုရင်တော့ ဘီလီလမင်းအေးက Music Albums တွေလည်း ထွက်ရှိထားပြီး သူ့ရဲ့ သီချင်းလေးတွေက လူငယ်တွေကြားမှာ ရေပန်းစားခဲ့တာကိုလည်း တွေ့ရပါတယ်။ လတ်တလော ကိုဗစ်ကာလလေးမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး မိသားစုနဲ့အတူ အနားယူနေတာ ဖြစ်ပါတယ်။

Photo Credit - Billy Shwe
Photo Credit - Billy Shwe

ဒါ့အပြင် ဘီလီလမင်းအေး က တမူထူးခြားတဲ့ အလှတရားတွေအပြင် ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေနဲ့ ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း ပရိသတ်တွေအတွက် သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဖော်ပြပေးတာ တွေ့ရပါတယ်။ ယနေ့ကရင်နှစ်သစ်ကူးလေးမှာတော့ ဘီလီလမင်းအေး က မြင်သူတိုင်း ချစ်အားပိုလောက်မယ့် ပုံလေးတွေကိုတင်ပေးလာခဲ့ပါတယ်။

Photo Credit - Billy Shwe
Photo Credit - Billy Shwe

ဒီပုံလေးတွေထဲမှာတော့ ဘီလီလမင်းအေး ကရင်ဝတ်စုံလေးဝတ်ဆင်ပြီး အသည်းယားစရာအမူအရာလေးတွေနဲ့ ပို့စ်ပေးထားတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဘီလီလမင်းအေး က "Happy Karen New Year 2021 မzနာ့် အီကဲ၃် ပူzဒူပူzဒါ ကရင်သွေး 50% ပါတဲ့ ကရင်မလေးပါနော်" ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ...ပရိသတ်ကြီးရေ ကရင်ရိုးရာဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ ဘီလီလမင်းအေး ရဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Billy Shwe
Photo Credit - Billy Shwe

သတင်းအရင်းမြစ်: Source - Billy La Min Aye fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။