သာယာလှပတဲ့ စမ်းချောင်းလေးရဲ့ဘေးမှာ နှစ်ယောက်အတူ စားကောင်းသောက်ဖွယ်တွေ ချက်ပြုတ်နေခဲ့ပြီး ပျော်ရွှင်စရာတွေဖန်တီးနေတဲ့ မောင်နဲ့ ရီရီရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/71/710afd2cb3ca9820f31d4da97b4e61c056d7e719.jpg
အနုပညာရှင်များ

 ၁၃-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်အချစ်တော် နန္ဒာလှိုင်ရဲ့မောင်ငယ်လေးဖြစ်တဲ့ သရုပ်ဆောင် မောင်ကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာအောင် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ အခုချိန်မှာတော့ မောင်က အနုပညာလောက ကနေ အနားယူခဲ့တာဖြစ်ပြီး မိသားစုစီးပွားရေးလုပ်ငန်းတွေကိုသာ လုပ်ကိုင်နေတာကို တွေ့ရပါတယ် ။ အချစ်ရေးနဲ့ပတ်သက်ရင်တော့ မောင်က ချစ်သူလေးရီရီပွင့်ဖြူနဲ့အတူ ပျော်ရွှင်စရာအချစ်ခရီးလမ်းလေးကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ် ။

Photo credit - Sein Phyo & Yi's FacebookPage 
Photo credit - Sein Phyo & Yi's FacebookPage 
Photo credit - Sein Phyo & Yi's FacebookPage 
Photo credit - Sein Phyo & Yi's FacebookPage 

မောင်နဲ့ ရီရီပွင့်ဖြူတို့စုံတွဲလေးကတော့ အခုဆိုရင် ချစ်သူသက်တမ်း (၇) နှစ်ကျော်တောင် ရှိနေပြီပဲ ဖြစ်ပါတယ် ။ သူတို့ချစ်သူနှစ်ဦးက နားလည်မှုရှိရှိနဲ့ လက်တွဲနေကြတဲ့ စုံတွဲလေးဆိုရင်လည်း မမှားပါဘူးနော် ။ အနုပညာအလုပ်တွေကို ရပ်နားထားကြတဲ့ သူတို့နှစ်ယောက်က ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် Vlogလေးတွေရိုက်ကာ လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိတာလည်း ဖြစ်ပါတယ်။

Photo credit - Sein Phyo & Yi's FacebookPage 
Photo credit - Sein Phyo & Yi's FacebookPage 
Photo credit - Sein Phyo & Yi's FacebookPage 
Photo credit - Sein Phyo & Yi's FacebookPage 

အပတ်စဥ်တိုင်း တင်ပေးနေကြဖြစ်တဲ့ သူတို့ Vlogလေးတွေက ပရိသတ်တွေကို အချစ်ပိုတာဖြစ်ပြီး ယနေ့မှာလည်း နေရာ အဆန်းလေးမှာ သွားရောက်ရိုက်ကူးခဲ့ပါသေးတယ်။ စမ်းချောင်းလေးရဲ့ ဘေးမှာ နှစ်ယောက်အတူ တက်ညီလက်ညီနဲ့ စားကောင်းသောက်ဖွယ်တွေကို ချက်ပြုတ်စားသောက်နေကြတဲ့ မောင်နဲ့ ရီရီရဲ့ ဗီဒီယိုလေးကို ပရိသတ်တွေထံ ဝေမျှပေးလိုက်ပါတယ်နော်......။

Photo credit - Sein Phyo & Yi's FacebookPage 
Photo credit - Sein Phyo & Yi's FacebookPage 

သတင်း အရင်းအမြစ်Source - Sein Phyo & Yi's FacebookPage

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T