ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားကာ သီချင်းကောင်းလေးတွေကြောင့် လူငယ်ပရိသတ်တွေကြား အမြဲရေပန်းစားအောင်မြင်နေသူကတော့ အဆိုတော်မလေး ပိုပိုပဲ ဖြစ်ပါတယ်နော်..။
အမိုက်စားဆွဲဆောင်မှုရှိတဲ့ အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းတွေထွက်ရှိထားတဲ့ ပိုပိုကတော့ ကိုယ်ထူးကိုယ်ချွန်ကာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အောင်မြင်ခဲ့တာဖြစ်ပြီး ပွင့်လင်းတဲ့ဟန်ပန်လေးတွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေကြတာပါ..။


စကားပြောပွင့်လင်းပြီး လူငယ်ပီပီပျော်ပျော်နေတတ်တဲ့ ပိုပိုတစ်ယောက်ကတော့ Tik Tok ဗီဒီယိုလေးကိုလည်း မကြာခဏဆော့ကစားကာ ချစ်စရာကောင်းလွန်းတဲ့ အသည်းယားစရာဟန်ပန်လေးတွေကလည်း သူမရဲ့ဆွဲဆောင်မှုလေးတွေပါပဲ..။
မြန်မာဝတ်စုံလေးတွေနဲ့ ရိုးရှင်းအေးချမ်းစွာလိုက်ဖက်လွန်းလှသလို အမိုက်စားဖက်ရှင်လေးတွေနဲ့ မိမိုက်နေကာ အချိုးအစားကျလွန်းတဲ့ ခဏကောက်ကြောင်းအလှတွေကြောင့်လည်း ပုရိသပရိသတ်တွေကြား ရေပန်းစားနေတာပါ..။



အားကစားတွေလည်း အမြဲလုပ်တတ်တဲ့ ပိုပိုလေးဟာ အခုတစ်ခါမှာလည်း လက်ဝှေ့ထိုးလေ့ကျင့်နေရင်း ဆရာဖြစ်သူလုပ်တဲ့အတိုင်းကြိုးစားပမ်းစားလုပ်နေတဲ့ သူမရဲ့ Tik Tok အခွီဗီဒီယိုလေးကိုလည်း ပရိသတ်တွေကို ဝေမျှထားပါသေးတယ်..။
ပွင့်လင်းလွန်းတဲ့ ပိုပိုလေးရဲ့ ပုံရိပ်လေးတွေအပြင် ကလေးတစ်ယောက် ချစ်စရာကောင်းလွန်းတဲ့ Tik Tok ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက်တင်ဆက်ပေးလိုက်တာမို့ သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။


@poposinger I can’t do it 😂
♬ Traveling - Kush Mody
သတင်းအရင်းမြစ်: Po Po's Tik Tok Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။