ပရိသတ်တွေရဲ့အချစ်တော်လေးဖြစ်တဲ့ ပိုပိုကတော့ ပရိသတ်တွေအကြိုက်တွေ့စေတဲ့ သီချင်းကောင်းလေးတွေထွက်ရှိထားပြီး ဂီတလောကမှာအချိန်တော်ကြာအောင်မြင်နေတဲ့ အဆိုတော်ပဲဖြစ်ပါတယ်နော်....။ သူမဟာ သီချင်းအေးအေးလေးတွေရော မြူးမြူးလေးတွေကိုပါ လိုက်ဖက်အောင်သီဆိုနိုင်တဲ့ အသံပိုင်ရှင်လေးဖြစ်ပြီး ပရိသတ်တွေသည်းသည်းလှုပ်ချစ်ခင်နေရတာလည်း ဖြစ်ပါတယ်။ ပိုပိုဟာ သီချင်းသစ်တွေကို ဆက်တိုက်ဖန်တီးနေတဲ့သူလည်းဖြစ်ကာ သူမကိုယ်တိုင်လည်း studioထောင်ထားတာဖြစ်ပါတယ်နော်.....။

Photo credit-Po Po's Facebook page
Photo credit-Po Po's Facebook page

သီချင်းကောင်းလေးတွေကို ပရိသတ်ရင်ထဲရောက်အောင်သီဆိုနိုင်တဲ့ အဆိုတော်မလေး ပိုပိုဟာဆိုရင် ကိုယ်တိုင်လည်း သီချင်းတွေရေးစပ်သီဆိုတာလည်းဖြစ်ပြီး music videoတိုင်းလိုလိုမှာလည်း သူမကိုယ်တိုင်ပါ၀င်သရုပ်ဆောင်လေ့ရှိတာလည်း တွေ့ရပါတယ်။ အခုဆိုရင်လည်း
ပိုပိုဟာ ခန္ဓာကိုယ်ကျစ်လျစ်လှပနေဖို့အတွက်လေ့ကျင့်ခန်းတွေကြိုးစားလုပ်နေတာဖြစ်ပါတယ်နော်....။

Photo credit-Po Po's Facebook page
Photo credit-Po Po's Facebook page

ပိုပိုဟာ မကြာသေးမီကသူမရဲ့ Facebookစာမျက်နှာလေးမှာ "မောင့် ကို ကာကွယ်ဖို့ လက်ဝှေ့ စ သင်နေပီလေ

မောင့်နား ကပ်တဲ့ ကောင်မလေးတွေ သတိသာထား မောင် ရှူပ်တဲ့ သတင်းကြားရင်လဲ

မောင့် အတွက် 😠😡 👊🏽👊🏽👊🏻" ဆိုပြီးရေးသားကာ လက်ဝှေ့ထိုးကြိုးစားလေ့ကျင်နေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Po Po's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။