မင်းသမီးချောလေး နေခြည်ဦးကတော့ လက်ရှိမှာဆိုရင် အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ဆောင်နေပြီး အနုပညာလောကမှာလျှောက်လှမ်းနေတဲ့သူတစ်ဦးဖြစ်ပါတယ်။ နေခြည်ဦးကတော့ တက်သစ်စမင်းသမီးတစ်ယောက်လို့ထင်ရက်စရာမရှိလောက်အောင် သရုပ်ဆောင်အိုင်တင်ပိုင်းတွေက အရည်အသွေးပြည့်ဝနေတာပဲဖြစ်ပါတယ်။ နောက်ထပ်လည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ဦးမှာဖြစ်ပြီး ဖိတ်ကြားတဲ့ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာပါနော်။


ချီချီရဲ့ အောင်မြင်မှုတွေကတော့ နှစ်အနည်းငယ်အတွင်းမှာ ပရိသတ်အများအပြားရဲ့ အခိုင်အမာအားပေးမှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ နေခြည်ဦးက Beauty Blogger တစ်ယောက်လည်းဖြစ်တာကြောင့် သူမရဲ့အလှအပရေးရာကိုလည်း အထူးဂရုစိုက်တဲ့သူပါ။ အလှအပရေးရာအပြင် ကျန်းမာရေးကိုလည်း ဂရုစိုက်တတ်တဲ့ သူမက လက်ရှိမှာဆိုရင် Covid ပိုးကို ဒုတိယအကြိမ်မြောက်သွားရောက်စစ်ဆေးခဲ့ပါတယ်။

နေခြည်က သူမရဲ့ Covid ဆေးစစ်ချက်ကို လူမှုကွန်ယက် Mydayထက်မှာ တင်ပေးလာခဲ့ပါတယ်။ အဖြေက Negative ဖြစ်တာကြောင့် ဝမ်းသာစရာပါ။ ပရိသတ်တွေလည်း သိရှိစေဖို့အတွက် နေခြည်ဦးရဲ့ အဆိုပါ ကိုဗစ်ဆေးစစ်ချက်ကို Myanmarload မှ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ပရိသတ်တွေကလည်း Comments မှာ တစ်ခုခုရေးသားပေးခဲ့ပါအုန်းနော်.....။


သတင်းအရင်းမြစ်: Source - Nay Chi Oo's Fb Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။