ကိုယ်လုံးလေးလှုပ်ခါပြီး ခေတ်ပေါ်အကနဲ့အပီအပြင်ဒွန့်နေတဲ့ သမီးဖြစ်သူကိုကြည့်ရင်း နားမလည်နိုင်အောင်ဖြစ်နေတဲ့ ဖြူဖြူထွေးအဖေရဲ့ဗီဒီယို

//s9.kh1.co/a8/a8865edf1eaf96d419efe65f989e1641a1efe2a9.jpg
အနုပညာရှင်များ

 ၁၃-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

ကိုယ်လုံးလေးလှုပ်ခါပြီး ခေတ်ပေါ်အကနဲ့အပီအပြင်ဒွန့်နေတဲ့ သမီးဖြစ်သူကိုကြည့်ရင်း နားမလည်နိုင်အောင်ဖြစ်နေတဲ့ ဖြူဖြူထွေးအဖေရဲ့ဗီဒီယို

မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ကြော်ငြာလေးတွေ အများအပြားရိုက်ကူးပြီး ဆက်တိုက်အောင်မြင်နေတာပဲ ဖြစ်ပါတယ် ။ ကိုယ်ပိုင်အိုင်ဒီယာရှိသလို အလုပ်အပေါ်မှာလည်း အာရုံစိုက်တဲ့ ဖြူဖြူထွေးက အခုလိုနာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ဖို့အတွက် အများကြီး ကြိုးစားခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း လက်ရှိမှာဆိုရင်ဖြူဖြူထွေးက ကိုယ်တိုင်ရှာဖွေထားတဲ့ အနုပညာကြေးတွေနဲ့ သူချစ်ရတဲ့မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနိုင်ပြီ ဖြစ်ပါတယ် ။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

ဖြူဖြူထွေးက မိဘတွေအပေါ်မှာ ကျေးဇူးသိတတ်ရုံသာမက စိတ်ထားလေးကပါ ရိုးသားဖြူစင်ပြီး အလှူအတန်းနဲ့ပတ်သက်ရင် အင်မတန်ကို ရက်ရက်ရောရောရှိလှတာ ဖြစ်ပါတယ် ။ ဖြူဖြူထွေးရဲ့ဟန်ဆောင်မှုကင်းတဲ့အပြုအမူနဲ့ လုပ်ရပ်လေးတွေကြောင့် ပရိသတ်တွေကလည်း သူမကိုအခိုင်အမာ အားပေးဝန်းရံပြီး ချစ်ခင်နေကြတာ ဖြစ်ပါတယ် ။ ပျော်ပျော်နေတတ်ပြီး ဟာသတွေလုပ်တတ်တဲ့ ဖြူဖြူထွေးက အခုလည်း ဖခင်ဖြစ်သူရဲ့အရှေ့မှာ Tik Tok ကစားပြခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Phyu Phyu Htwe's Tik Tok Acc
Photo Credit-Phyu Phyu Htwe's Tik Tok Acc

ဖြူဖြူထွေးက အခုတလောမှာ ရေပန်းစားနာမည်ကြီးနေတဲ့သီချင်းလေးနဲ့ ခေတ်ပေါ်အကတွေကို ကျွမ်းကျွမ်းကျင်ကျင်ကပြလိုက်တာ ဖြစ်ပါတယ် ။ ဆံပင်တွေပါခါရမ်းပြီး အပီအပြင်ဒွန့်နေတဲ့ ဖြူဖြူထွေးရဲ့ပုံစံကိုတော့ သူမရဲ့အဖေကထိုင်ကြည့်ပြီး နားမလည်နိုင်အောင် ဖြစ်နေရတာပဲ ဖြစ်ပါတယ် ။ ကဲ အဖေ့အရှေ့မှာ Tik Tok ကစားပြရင်းနဲ့ အူတက်အောင်ရယ်နေရတဲ့ ဖြူဖြူထွေးရဲ့ဟာသဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Phyu Phyu Htwe's Tik Tok Acc

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's Tik Tok Acc
Photo Credit-Phyu Phyu Htwe's Tik Tok Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T