ပရိသတ်ကြီးရေ Mrtv4ရဲ့ မင်းသားချောလေးတစ်လက်ဖြစ်တဲ့ စိုပြေမြင့်ကတော့ ဇာတ်လမ်းတွဲတွေအများအပြားမှာပါဝင်သရုပ်ဆောင်ထားပြီး အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။စိုပြေမြင့်က တက်သစ်စမင်းသားလေးဖြစ်ပေမယ့် အနုပညာပါရမီပါတာကြောင့် ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်တတ်ပါတယ်နော်။စိုပြေမြင့်က လက်ရှိမှာဆိုရင် အနုပညာလောကရဲ့တောက်ပတဲ့ကြယ်ပွင့်လေးဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်လျက်ရှိပါတယ်။

Photo Credit:Soe Pyay Myint's FB acc
Photo Credit:Soe Pyay Myint's FB acc

စိုပြေမြင့်က မင်းသမီးချောခေးဆက်သွင်နဲ့လည်း မောင်နှမအရင်းတွေလိုခင်မင်ရင်းနှီးပြီး အနုပညာအလုပ်တွေကိုလည်း အတူတူတွဲလုပ်နေတာဖြစ်ပါတယ်။ခေးဆက်သွင်ကလည်း Mrtv4ကထုတ်လွှင့်တဲ့ဇာတ်ကားတွေမှာသရုပ်ဆောင်တာဖြစ်လို့ သူမတို့နှစ်ယောက်က အရမ်းရင်းနှီးကြပါတယ်။စိုပြေမြင့်နဲ့ခေးဆက်သွင်တို့သူငယ်ချင်းတွေက ခရီးတွေဆိုလည်းအတူတူသွားလာကြပြီး လူငယ်တွေပီပီ ပျော်ပျော်ပါးပါးနေတတ်ကြပါတယ်နော်။ 

Photo Credit:Soe Pyay Myint's FB acc
Photo Credit:Soe Pyay Myint's FB acc
Photo Credit:Soe Pyay Myint's FB acc

အခုဆိုရင်တော့ ခေးဆက်သွင်က စိုပြေမြင့်အတွက် စိန်လက်စွပ်တစ်ကွင်းကို ရက်ရက်ရောရောလက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။စိုပြေမြင့်ကလည်း"မွေးနေ့ပြီးသွားသော်လည်း အမေလိုတစ်မျိုး အစ်မလိုတစ်မျိုး ချစ်ရပါသောမေမေခေးပေးတဲ့ မွေးနေ့လက်ဆောင်လေး အရမ်းကြိုက်ပြီး အမြဲဝတ်ထားပါ့မယ် အနုပညာလုပ်ငန်းတွေလည်း ဒီထက်မကအောင်မြင်ပြီး အကယ်ဒမီဆုကြီးကိုလည်းပိုင်ဆိုင်နိုင်ပါစေ ဝမ်းမနာသားသမီးတွေနဲ့ အမြဲပျော်ရွှင်နိုင်ပါစေ"ဆိုပြီး ပြန်လည်ဆုတောင်းပေးထားတာဖြစ်ပါတယ်နော်။ 

Photo Credit:Soe Pyay Myint's FB acc
Photo Credit:Soe Pyay Myint's FB acc
Photo Credit:Soe Pyay Myint's FB acc

Source&Photo Credit:Soe Pyay Myint's FB acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။