ပရိသတ်ကြီးရေ.. ဖြူဖြူထွေးလို့ဆိုလိုက်တာနဲ့ ရယ်စရာဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရင်ထဲတိုးဝင်နေရာယူထားပြီး အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်အဖြစ် လျှောက်လှမ်းနေသူလေးကို ပရိသတ်တွေ မြင်ယောင်မိကြမှာပါနော်..။
ချစ်စရာကောင်းလွန်းတဲ့ ဟန်ပန်လေးတွေအပြင် စကားပြောလည်းပွင့်လင်းပြီး ပျော်ပျော်နေတတ်တဲ့ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေကြရတာဖြစ်ပြီး စေတနာသဒ္ဓါတရားကောင်းတဲ့ စိတ်ရင်းစေတနာတွေကိုလည်း အားလုံးကသာဓုခေါ်နေကြတာ ဖြစ်ပါတယ်နော်..။


ပရိသတ်အချစ်တော်လေးဖြူဖြူထွေးကတော့ အနုပညာအလုပ်တွေကိုဆက်တိုက်ဆိုသလို လုပ်ဆောင်နေပြီး ကြော်ငြာတွေလည်းရိုက်ကူးနေကာ အနုပညာရှင်မောက်နှမတွေအပေါ်မှာလည်း ဖေးမတတ်မှုတွေကြောင့် အားလုံးက သဘောကျနေကြတာပါ..။
Tik Tok ဗီဒီယိုလေးတွေလည်း မကြာခဏဆော့ကစားတတ်တဲ့ ဖြူဖြူထွေးလေးတစ်ယောက် အခုတစ်ခါမှာလည်း ဖေဖေမေမေတို့နဲ့အတူ အခွီTik Tok လေးဆော့ကစားကာ ပရိသတ်တွေကို အခွီလေးတွေနဲ့ အချစ်ပိုစေပြန်ပါတယ်နော်..။


ချစ်မေမေနဲ့အတူနှစ်ယောက်သား တက်ညီလက်ညီကနေတုန်း အဖေကရုပ်တည်ကြီးနဲ့လာကြည့်နေတာကြောင့် ကြောက်ပြီးရပ်သွားတဲ့ ဖြူဖြူထွေးရဲ့ Tik Tok ဗီဒီယိုလေးကို ပရိသတ်တွေအားလုံးပဲ သဘောကျနေကြဦးမှာပါနော်..။
ကဲ.. ဒီကနေ့လေးမှာတော့ ချစ်စရာကောင်းလွန်းတဲ့ ပြည်သူ့အသည်းကျော် ကြော်ငြာမင်းသမီးချောလေး ဖြူဖြုထွေးလေးရဲ့ Tik Tok အခွီဗီဒီယိုဖိုင်လေးကို ဝေမျှတင်ဆက်ပေးလိုက်တာမို့ မှတ်ချက်လေးတွေလည်း ပေးသွားကြဖို့ မမေ့ပါနဲ့နော်..။


@whitehtwe ♬ DJ Remix 2020 - Zhafran_Maulana
သတင်းအရင်းမြစ်: Phyu Phyu Htwe's Tik Tok Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။