မော်ဒယ်လ်သဇင်ဦးကတော့ ပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားလျက်ရှိနေတဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်ပြီး ဆွဲဆောင်မှုရှိကာ ဂီတာရှိတ်လေးလိုလှပတဲ့ အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့အပြင် သီချင်းMVတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ မော်ဒယ်လ်တစ်ယောက်ပဲဖြစ်ပါတယ်။


ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ သူမကတော့ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေအပြင် ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေပေါ်လွင်တဲ့ အမိုက်စားဖက်ရှင်လေးတွေကိုလည်း ဝတ်ဆင်လေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။ ကြွေလောက်စရာကောင်းလွန်းတဲ့ အမိုက်စားပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိတဲ့ သူမကတော့ ယခုမှာ ပရိသတ်တွေကို ချစ်သူကောင်လေးရှိနေပြီဖြစ်တဲ့အကြောင်းအသိပေးလာခဲ့တာပဲဖြစ်ပါတယ်။


ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ သူမကတော့ ယခုမှာ ချစ်သူသက်တမ်း၂လပြည့်နေ့လေးမှာ ချစ်သူကောင်လေးပေးတဲ့ တန်ဖိုးကြီးပစ္စည်းတွေအပြင် အရမ်းရိုမန်တစ်ဆန်တဲ့စာလေးတွေကြောင့် အံ့သြကာဝမ်းပျော်ရွင်ခဲ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် မော်ဒယ်လ်သဇင်ဦးတစ်ယောက် ချစ်သူကောင်လေးရဲ့ အရမ်းရိုမန်တစ်ဆန်မှုလေးတွေကြောင့် ပြုံးပျော်ရွှင်နေရတဲ့ ချစ်စရာပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။
Source: Thazin Oo ' s Ig Acc Myday


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။