နိဗ္ဗာန်ယာဉ်မောင်းရင်း ရေဝေးသို့သွားနေတဲ့လမ်းမှာ သူ့ကားကိုရှေ့ကနေဝင်တိုက်ခံရပြီး ကားငါးစီးဆင့်တိုက်တဲ့အဖြစ်နဲ့ကြုံလိုက်ရတဲ့ ကျော်သူ

//s9.kh1.co/5d/5d38d934087735ad263b967eb57dd4d00c61581a.jpg
အနုပညာရှင်များ

 ၁၃-ဇန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

နိဗ္ဗာန်ယာဉ်မောင်းရင်း ရေဝေးသို့သွားနေတဲ့လမ်းမှာ သူ့ကားကိုရှေ့ကနေဝင်တိုက်ခံရပြီး ကားငါးစီးဆင့်တိုက်တဲ့အဖြစ်နဲ့ကြုံလိုက်ရတဲ့ ကျော်သူ

ပရိသတ်တွေချစ်ခင် လေးစားရတဲ့ မင်းသားကြီး ဦးကျော်သူကတော့ ပရဟိတလုပ်ငန်းတွေကို ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်နေသူတစ်ဦးပဲ ဖြစ်ပါတယ် ။ နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်တဲ့ ဦးကျော်သူက နိဗ္ဗာန်ယာဉ်ကို သူကိုယ်တိုင်မောင်းနှင်ပြီး စျာပနကိစ္စတွေကို စီစဥ်ဆောင်ရွက်ပေးတတ်တာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ ဦးကျော်သူတစ်ယောက် ထုံးစံအတိုင်း နာရေးကိစ္စတစ်ခုကိုကူညီရင်းနဲ့ ကားငါးစီးတိတိဆင့်တိုက်ခံလိုက်ရတဲ့ ဖြစ်ရပ်ကို ကြုံတွေ့လိုက်ရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc

ဒီအကြောင်းကို ဦးကျော်သူက "ကားငါးစီးဆင့်ကာ ဆင့်ကာတိုက်သော်ငြား..ဘာမှ မပူပါနဲ့။ ဘာမှ မဖြစ်ဘူး။ဗုဒ္ဓဘုရား နှလုံးသား မှာရှိတယ်။ ဘုန်းဘုန်းဘုရား လည်မှာဆွဲထားတယ်။ ယနေ့ နာရေးကူညီမှုလမ်းကြောင်းရေဝေးသုဿန်သို့အသွား လမ်းတစ်နေရာရှိဖြတ်လမ်းရှိသောနေရာတွင် ပင်မကားများရှင်းပါက တစ်ဖက်လမ်းသို့ ကူးရန်အတွက် တန်းစီစောင့်နေသော ကားလေးတစ်စီးနှင့် လိုက်ထရပ်ကားအား နောက်မှ အဝေးပြေးခရီးသည်တင်ကားတစ်စီးမှ တိုက်လိုက်၍ ရှေ့ဆုံးတွင်ရပ်နေသော ကားမှာတစ်ဆင့်ချင်းတိုက်ခံရပြီး ကျွန်တော်မောင်းလာသည့် နာရေးနိဗ္ဗာန်ယာဉ်အား ရှေ့ဘေးမှဆောင့်တိုက် လိုက်၍ မိမိမှရှောင်လိုက်သော်လည်း မိမိ၏ညာဖက်ရှိ ဘတ်စ်ကားတစ်စီး၏ နောက်ပိုင်းဘေးဖက်ကို မိမိမှတစ်ဆင့်တိုက်မိတော့သည်။ လူများဘာမျှမဖြစ်သော်လည်း တိုက်ခံရသည့်ကားငယ်(ရှေ့/နောက်)၊ လိုက်ထရပ်(ရှေ့/နောက်)၊ နာကူယာဉ် ရှေ့(ဘယ်/ညာ) ၊ဘတ်စ်ကားကြီး(နောက်ဖက်ဘယ်ဖက်ခြမ်း ပွန်း)အသီးသီးထိသွားခဲ့သည်။ကားငါးစီးဆင့်ကာ ဆင့်ကာတိုက်ခံရသည့်ဖြစ်ရပ်ပင်ဖြစ်တော့သည်။"

Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc

"မိမိမှ လမ်းမှန်၊ပုံမှန်မောင်းသော်ငြား တစ်ဖက်မှ အန္တရာယ်သည် မည်ကဲ့သို့လာမည်ကို အထူးသတိထားရန် အသိတရားတစ်ခုရှိခဲ့ရသည်။ နိဗ္ဗာန်ယာဉ်ပေါ် ပါလာသော ဘဝကူးသွားသည့်ရုပ်ခန္ဓာအား အသင်းမှ နိဗ္ဗာန်ယာဉ်တစ်စီးအား အမြန်ခေါ်၍ ဘော်ဒီအားပြောင်းရွှေ့ကာ ရေဝေးသုဿန်သို့ပို့ဆောင်သင်္ဂြိုလ်ပေးမှုအား တာဝန်မပျက်၊တာဝန်ကျေစွာ လုပ်ဆောင်ပေးခဲ့ပါသည်။ အသင်းသို့ ပြန်အရောက် သုခဆေးခန်းမှတာဝန်ရှိသူများမှ အတင်းခေါ်ဆောင်၍ မိမိအား အာထရာဆောင်းစက်ဖြင့် မိမိ၏နှလုံးအားစစ်ဆေးပါတော့သည်။သွေးပေါင်ချိန်ဖြင့်ချိန်ပါတော့သည်။ ဘာမှမဖြစ်။ ဘာမှမတွေ့။ မိမိတွင် ဗုဒ္ဓရှိနေသည်။ ဘုန်းဘုန်းရှိနေသည်။ မည်သို့ဖြစ်စေ မော်တော်ကား၊ဆိုင်ကယ်၊စက်ဘီး၊လမ်းလျှောက်သည့် နေ့စဉ် လုပ်ရပ်များတွင် မိမိသည် ဘယ်လောက်မှန်မှန်ဘယ်လောက်ဖြေးဖြေး ဘယ်လောက်သတိထားထား တစ်ဖက်မှ အန္တရာယ်သည်အချိန်မရွေးထိပ်တိုက်ရင်ဆိုင်နိုင်သည်ကိုတော့ သိထားသင့်တော့သည်။" ဆိုပြီး အကြောင်းစုံကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Kyaw Thu's FB Acc

Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Photo Credit-Kyaw Thu's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T