မင်းသမီးချောလေး ဖြူဖြူထွေးက လူမှုကွန်ယက်ပေါ်မှာ ဟာသဗီဒီယိုလေးတွေနဲ့ လူသိများလာခဲ့ပြီး ဝေဖန်မှုကြားထဲကနေ ယုံကြည်မှုရှိရှိ အကောင်းဆုံးလျှောက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမက ကြော်ငြာတွေများစွာအပြင် ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ဖြူဖြူထွေး က သူတစ်ပါးကိုလည်းအမြဲကူညီပြီး အလှူအတန်းတွေကိုလည်း ရက်ရက်ရောရော လှူဒါန်းပေးတဲ့ သူပဲဖြစ်ပါတယ်။


ဖြူဖြူထွေးက သေးသေးသွယ်သွယ် ကိုယ်လုံးလေးအပြင် ရိုးရှင်းအေးချမ်းတဲ့ အလှတရားတွေကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ သူမဟာ မကြာခဏဆိုရင် အသည်းယားစရာကောင်းတဲ့ ပုံရိပ်လေးတွေကို ချစ်တဲ့သူတွေအတွက် ဖော်ပြပေးပါတယ်။ ယခုမှာလည်း ဖြူဖြူထွေးက မြင်သူချစ်အားပိုလောက်မယ့် အလန်းစားပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။


ဒီပုံလေးတွေထဲမှာတော့ ထင်ပေါ်နေတဲ့ဖက်ရှင်ဝတ်စုံလေးကိုဝတ်ပြီး နေကာမျက်မှန်လေးကိုတပ်ကာ ဟန်ဆောင်မှုကင်းတဲ့ အပြုံးလေးတွေနဲ့ ပို့စ်ပေးဖမ်းစားထားတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဖြူဖြူထွေး က " ကဲပြော ဘယ်လိုပုံစံနဲ့ နေပေးရမလဲ .."ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ပရိသတ်တွေလည်း ဖက်ရှင်ကျကျလေးဝတ်ဆင်ပြီး ဆွဲဆောင်ရှိရှိ ချစ်စရာကောင်းနေတဲ့ ဖြူဖြူထွေး ရဲ့ ပုံရိပ်လေးတွေကို သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။


သတင်းအရင်းမြစ်: Source - Phyu Phyu Htwe's Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။