အိမ်မှာကားအကောင်းစားတွေ အများကြီးရှိတာကြောင့် အပြင်သွားခါနီးတိုင်း ရွေးရခက်နေတဲ့ သူမရဲ့အဖြစ်ကို ဗီဒီယိုရိုက်ကာပြသလိုက်တဲ့ နေခြည်ဦး

//s9.kh1.co/ff/ff48bf3787248f485f6d6103f80e7fe14a2b5561.jpg
အနုပညာရှင်များ

 ၁၃-ဇန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

အိမ်မှာကားအကောင်းစားတွေ အများကြီးရှိတာကြောင့် အပြင်သွားခါနီးတိုင်း ရွေးရခက်နေတဲ့ သူမရဲ့အဖြစ်ကို ဗီဒီယိုရိုက်ကာပြသလိုက်တဲ့ နေခြည်ဦး

မင်းသမီးချောလေး နေခြည်ဦးကတော့ စကားပြောပွင့်လင်းသလို သွက်သွက်လက်လက်နဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ် ။ Beauty Blogger ဘဝကနေ အနုပညာရှင်ဘဝကိုပါခံယူခဲ့တဲ့ နေခြည်ဦးက နှစ်အနည်းငယ်လေးအတွင်းမှာတင် မသိသူမရှိလောက်အောင် အောင်မြင်လာခဲ့ပြီပဲ ဖြစ်ပါတယ် ။ ကြိုးစားမှုတွေအရာထင်ခဲ့တဲ့ နေခြည်ဦးက သူမရဲ့ရည်မှန်းချက်ပန်းတိုင်ကို ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနေတာ ဖြစ်ပါတယ် ။

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc

နေခြည်ဦးက ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့ရသလို ကြော်ငြာတွေလည်း မနားတမ်းလက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း နေခြည်ဦးက မင်းသားချောမြင့်မြတ်နဲ့အတူ ဇာတ်လမ်းတွဲတစ်ခုရိုက်ကူးဖို့ လက်ခံထားရတာပဲ ဖြစ်ပါတယ် ။ နေခြည်ဦးက အလုပ်ကြိုးစားခဲ့တာကြောင့် သိန်းထောင်ကျော်တန်တဲ့ အမိုက်စားကားအသစ်ကြီးကိုလည်း နှစ်သစ်မှာ ဝယ်ယူနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc

ကားအကောင်းစားတွေ ပိုင်ဆိုင်ထားတဲ့ နေခြည်ဦးက အခုလည်း အပြင်သွားခါနီးတိုင်း ကားစီးဖို့ရွေးရခက်တဲ့ သူမရဲ့အဖြစ်ကို ဗီဒီယိုရိုက်ပြလိုက်တာ ဖြစ်ပါတယ် ။ နေခြည်ဦးက အိမ်မှာ ကားတွေအများကြီးရှိတာကြောင့် "တစ်နေ့တစ်နေ့ ရွေးရခက်လိုက်တာ" ဆိုပြီး ဗီဒီယိုလေးကို My Story မှာတင်ထားတာပဲ ဖြစ်ပါတယ် ။ ကားအဖြူစီးရမလား အမဲပဲစီးရမလားဆိုပြီး ကားနှစ်စီးကြားမှာ ဝေခွဲရခက်ပြီး ဗျာများနေတဲ့ နေခြည်ဦးရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည််မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Nay Chi Oo's FB Story

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Story
Photo Credit-Nay Chi Oo's FB Story
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T