ပရိသတ်တွေရဲ့အချစ်တွေကို သက်ဆိုင်ရာနယ်ပယ်အသီးသီးကနေ အပြည့်အ၀သိမ်းပိုက်ထားကြတဲ့သူတွေကတော့ အဆိုတော်ဖြိုးမြတ်အောင်နဲ့ မိတ်ကပ်ပညာရှင်လင်းလင်းတို့ပဲဖြစ်ပါတယ်နော်....။ လင်းလင်းဟာလည်း မိတ်ကပ်လောကမှာ ဒိတ်ဒိတ်ကြဲတစ်ယောက်ဖြစ်ပြီးတော့ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်တဲ့သူလည်းဖြစ်ပါတယ်။


ဖြိုးမြတ်အောင်ဟာလည်း Myanmar Idolရဲ့ Winnerတစ်ယောက်ဖြစ်ပြီးတော့ ပါရမီပြည့်၀တဲ့သူ့ရဲ့ သီဆိုနိုင်မှုတွေကြောင့်ပရိသတ်တွေ သည်းသည်းလှုပ်ချစ်ရတဲ့ သူတစ်ယောက်ဆိုလည်းမမှားပါဘူး။ နယ်ပယ်အသီးသီးမှာအောင်မြင်နေကြတဲ့ သူတို့နှစ်ဦးဟာ အခုဆိုရင်လည်းဆိုင်ကြော်ငြာအတွက် ရိုက်ကူးရေးတွေပြုလုပ်နေကြတာပါနော်.....။


ဖြိုးမြတ်အောင်နဲ့လင်းလင်းဟာ အခုဆိုရင်လည်း နှစ်ယောက်သားတွေ့ဆုံတုန်းလေးမှာ ပျော်ပျော်ပါးပါးနဲ့ ကကြရင်း အခွီ Tik Tokလေးတွေရိုက်ခဲ့ကြတာဖြစ်ပါတယ်။ နှစ်ယောက်သားကကွက်ဆန်းတွေနဲ့ ကနေကြတာကြည့်ပြီး ပရိသတ်တွေလည်း ကြည့်ပြီးအပျော်တွေကူးဆက်ကြမယ်ထင်ပါတယ်နော်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။


သတင်းအရင်းမြစ်: Lin Linn's Tik Tok acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။