သူမအရမ်းကြိုက်တာကိုထိုင်းကနေတကူးတကဝယ်ထားပြီး ချစ်သူများနေ့မှာ Surpriseလုပ်မယ့် ချစ်ခင်ပွန်းရဲ့အစီအစဉ်ကို ကြိုသိသွားခဲ့တဲ့ နန္ဒာလှိုင်

//s9.kh1.co/e8/e8843a59b40246dfa4f6c70b3c5912541c4ae459.jpg
အနုပညာရှင်များ

 ၁၃-ဇန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

သူမအရမ်းကြိုက်တာကိုထိုင်းကနေတကူးတကဝယ်ထားပြီး ချစ်သူများနေ့မှာ Surpriseလုပ်မယ့် ချစ်ခင်ပွန်းရဲ့အစီအစဉ်ကို ကြိုသိသွားခဲ့တဲ့ နန္ဒာလှိုင်

ပရိသတ်ကြီးရေ နန္ဒာလှိုင်ကတော့ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး သမီးသုံးယောက်ကိုလည်းမွေးဖွားထားတာဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့ချစ်ခင်ပွန်း ဦးဇေသီဟကလည်း ခင်ပွန်းကောင်းပီသပြီး မိသားစုကိုပျော်ရွှင်အောင်ထားပေးတာဖြစ်ပါတယ်နော်။နန္ဒာလှိုင်က အနုပညာအလုပ်တွေကို လုံးဝမလုပ်ကိုင်တော့ဘဲ စီးပွားရေးကိုသာလုပ်ဆောင်နေတာဖြစ်လို့ မြန်မာပြည်အနှံ့အပြားမှာ သူမရဲ့စီးပွားရေးကလည်းအောင်မြင်နေတာဖြစ်ပါတယ်။

Photo Credit:Nandar Hlaing's Facebook Account

နန္ဒာလှိုင်ကတော့ လက်ရှိကာလမှာဆိုရင် အိမ်ထဲမှာပဲနေထိုင်ပြီး သမီးတွေကိုအချိန်ပြည့်ဂရုစိုက်ပေးနေတာဖြစ်ပါတယ်။နန္ဒာလှိုင်က ပန်းပင်စိုက်ပျိုးရတာကိုလည်း ဝါသနာပါတာကြောင့် သူမရဲ့ခြံထဲမှာ ရှားပါးပန်းပင်တွေအများအပြားကို သေချာစိုက်ပျိုးထားတာဖြစ်ပါတယ်နော်။နန္ဒာလှိုင်ရဲ့မေမေကလည်း ပန်းကြိုက်တတ်သူဖြစ်လို့ သမီးစိုက်ပေးထားတဲ့ပန်းပင်တွေကိုကြည့်ကာ အရမ်းစိတ်ချမ်းသာနေတာဖြစ်ပါတယ်။နန္ဒာလှိုင်တို့မိသားစုလေးက ပကာသနကင်းမဲ့စွာနဲ့ ရိုးရိုးရှင်းရှင်းနေထိုင်တတ်ကြတဲ့မိသားစုလေးပဲဖြစ်ပါတယ်နော်။ 

Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account

အခုဆိုရင်တော့ ဦးဇေသီဟက"နန္ဒာက ပန်းပင်တွေ စိုက်နေတာမြင်တော့ Valentine's Day နေ့မှာ ပေးဖို့ ထိုင်းကို အပင်တွေ လှမ်းမှာလိုက်တယ်။ နိဗ္ဗာန်ကြာ ၁၀ ပင်ပေါ့။ ဟိုကပို့တဲ့လူက စိတ်စောပြီး ဒီနေ့အရောက်ပို့လိုက်တာ စပရိုက် တိုက်မယ့် အစီအစဉ်ပျက်သွားပါလေရော..  မတတ်နိုင်ဘူးလေ.. စောရောက်တော့လည်း စော သိသွားတာပေါ့."ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ဦးဇေသီဟ‌ကတော့ ချစ်ဇနီးလေးကို အချစ်တွေအပြည့်နဲ့ ချစ်သူများနေ့အတွက်ကြိုတင်ပြီးလက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်နော်။ 

Photo Credit:Zay Thiha's FB acc
Photo Credit:Zay Thiha's FB acc
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account

Source&Photo Credit:Zay Thiha's FB acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T