တန်ဖိုးကြီးလက်ဝတ်ရတနာတွေဆင်မြန်းပြီး တစ်သားမွေးတစ်သွေးလှကာ တုနှိုင်းမဲ့တဲ့ပင်ကိုယ်အလှတွေ အထင်းသားပေါ်လွင်နေတဲ့ သက်မွန်မြင့်

//s9.kh1.co/63/630d204b67ec152d51627dded27392eb8a75f6b5.jpg
အနုပညာရှင်များ

 ၁၃-ဇန်-၂၀၂၁ ၁၀pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်အကယ်ဒမီမင်းသမီးချောလေး သက်မွန်မြင့်ကတော့ သရုပ်ဆောင်ပိုင်နိုင်ပီပြင်သလို ချစ်စရာကောင်းလွန်းတဲ့ပုံရိပ်လေးတွေနဲ့လည်း ဖမ်းစားတတ်သူလေးပဲ ဖြစ်ပါတယ်နော်..။

ချစ်သက်လို့ အားလုံးက ချစ်စနိုးခေါ်ကြပြီး တည်ငြိမ်ကာ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေနဲ့ ယောကျ်ားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ တစ်ခဲနက်အားပေးချစ်ခင်ကြရသူလေးဆိုလည်း မမှားပါဘူးနော်..။

Photo Credit - Love Space
Photo Credit - Love Space

သားသားမီးမီးလေးတွေနဲ့ ကြည်နူးအားကျစရာမိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ သက်မွန်လေးကတော့ တစ်သားမွေးတစ်သွေးလှလွန်းနေကာ ကျော့ရှင်းတဲ့အလှတရားတွေကလည်း မြင်သူပရိသတ်တွေကို အချစ်ပိုစေတာလည်း တွေ့ရပါတယ်နော်..။

အခုတစ်ခါမှာလည်း သက်မွန်လေးတစ်ယောက် သူမရဲ့အလှလေးတွေနဲ့ သူမရဲ့အချိုးအစားကျလွန်းတဲ့ကောက်ကြောင်းအလှတွေကို အထင်းသားပေါ်လွင်စေပြီး ရဲရဲနီဖက်ရှင်ဝတ်စုံလေးနဲ့ လှသွေးကြွယ်နေတာလေးကိုလည်း မြင်တွေ့ရမှာပါ..။

Photo Credit - Love Space
Photo Credit - Love Space
Photo Credit - Love Space
Photo Credit - Love Space

"ချစ်တဲ့သူတွေ မျှော်နေကြတဲ့ စိန်နန်းတော် ကြော်ငြာတုန်းက အနီရောင် ဝတ်စုံလေးနဲ့ ရဲရဲနီနေတဲ့ ကျွန်မ!❤️.." ဆိုပြီး သူမရဲ့ ကျော့ရှင်းစွာ လှရက်လွန်းနေတဲ့ ပုံရိပ်လေးတွေကို ချစ်သက်က ပရိသတ်တွေကို ပြန်လည်မျှဝေပေးထားတာပဲ ဖြစ်ပါတယ်နော်..။

တစ်သားမွေးတစ်သွေးလှလွန်းနေတဲ့ ချစ်သက်လေးရဲ့ပုံရိပ်လေးတွေကို ပဂိသတ်တွေလည်း သဘောကျနှစ်သက်နေကြပြီး ညို့အားပြင်းစွာလှသွေးကြွယ်နေကာအချစ်ပိုနေကြတဲ့ အကြောင်းလေးတွေကိုလည်း မှတ်ချက်လေးတွေပေးထားကြတာ တွေ့ရပါတယ်နော်..။

Photo Credit - Love Space
Photo Credit - Love Space
Photo Credit - Love Space
Photo Credit - Love Space

သတင်း အရင်းအမြစ်Thet Mon Myint's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T