မိဘကိုအကူအညီမတောင်းဘဲ ကိုယ်ပိုင်ချွေးနည်းစာထဲကနေ ရက်ရက်ရောရောလှူဒါန်းတတ်တဲ့ တူမလေးGအတွက် ဂုဏ်ယူနေတဲ့ ထွန်းအိန္ဒြာဗိုလ်

//s9.kh1.co/c1/c150a72c82deecc739d08df40f789d1d49687336.jpg
အနုပညာရှင်များ

 ၁၄-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

မိဘကိုအကူအညီမတောင်းဘဲ ကိုယ်ပိုင်ချွေးနည်းစာထဲကနေ ရက်ရက်ရောရောလှူဒါန်းတတ်တဲ့ တူမလေးGအတွက် ဂုဏ်ယူနေတဲ့ ထွန်းအိန္ဒြာဗိုလ်

ပရိသတ်ကြီးရေ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်ရဲ့တူမချောလေးဖြစ်တဲ့ Gကတော့ အနုပညာမျိုးရိုးလိုက်လို့ သီချင်းဆိုတာကိုဝါသနာပါတာဖြစ်ပါတယ်။Gက The Voice Myanmarမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်အများအပြားက သတိထားမိလာတာကြောင့် သူမကိုတစ်ခဲနက်အားပေးခဲ့ကြတာဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ကလည်း အနုပညာကိုဝါသနာပါတဲ့တူမချောလေး Gအတွက် သေချာလမ်းပြပေးပြီး တတ်နိုင်သလောက်ကူညီပေးတာဖြစ်ပါတယ်နော်။

Photo Credit:Htun Eaindra Bo's FB page
Photo Credit:Htun Eaindra Bo's FB page
Photo Credit:Htun Eaindra Bo's FB page
Photo Credit:Htun Eaindra Bo's FB page
Photo Credit:Htun Eaindra Bo's FB page
Photo Credit:Htun Eaindra Bo's FB page

Gကလက်ရှိမှာဆိုရင်တော့ ပရဟိတအလုပ်တွေကိုသာစွမ်းစွမ်းတမံလုပ်ဆောင်နေပြီး အလှူအတန်းတွေလုပ်နိုင်ဖို့အတွက်လည်း ပိုက်ဆံတွေကြိုးစားရှာဖွေနေတာဖြစ်ပါတယ်နော်။Gက ရှင်သန်ရေးကူညီမှုအသင်းမှာ တခြားအဖွဲ့ဝင်တွေနဲ့အတူ တစ်တပ်တစ်အားပါဝင်ဆောင်ရွက်နေပြီး လူငယ်ပီပီ သွက်လက်ဖျက်လက်ကာ အများအကျိုးသယ်ပိုးဆောင်ရွက်နေတာဖြစ်ပါတယ်။Gကတော့ ပရဟိတအလုပ်တွေလုပ်ကိုင်နေပေမယ့်လည်း စီးပွားရကိုလည်းမလစ်ဟင်းအောင်ဆောင်ရွက်တတ်ပါတယ်နော်။ 

Photo Credit:G Vocal's Facebook page
Photo Credit:G Vocal's Facebook page
Photo Credit:Htun Eaindra Bo's FB page
Photo Credit:Htun Eaindra Bo's FB page

Gက သူမရဲ့အနုပညာကြေးတွေကိုသေချာစုဆောင်းထားပြီး လိုအပ်တဲ့နေရာတွေမှာ အမြဲလှူဒါန်းနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း မိဘတွေလှူ‌ထားတဲ့ကားကိုပြင်ဖို့ သိန်း(၃၀)အပြင် ကားအသစ်တစ်စီးကိုပါ ရှင်သန်ရေးကူညီမှုအသင်းအတွက်လှူဒါန်းလိုက်တာဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ကလည်း"G  က  သူရတဲ့  အနုပညာကြေးလေးစုပြီး  ကားသစ်တစ်စီးနဲ့ ...မိဘတွေ လှူထားတဲ့ ကားဟောင်းပြင်ဖို့  ငွေကျပ်  သိန်း၃၀ လှူဒါန်းတာပါ သာဓု သာဓု သာဓု သမီး ..."ဆိုပြီး တူမချောလေးအတွက် ဂုဏ်ယူပီတိဖြစ်နေတာဖြစ်ပါတယ်နော်။ 

Photo Credit:Htun Eaindra Bo's FB page
Photo Credit:Htun Eaindra Bo's FB page
Photo Credit:Htun Eaindra Bo's FB page
Photo Credit:Htun Eaindra Bo's FB page
Photo Credit:Htun Eaindra Bo's FB page
Photo Credit:Htun Eaindra Bo's FB page

Source&Photo Credit:Htun Eaindra Bo&G Vocals' Facebook page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T