အပျိုဘဝတုန်းက ဆံပင်ရှည်လေးနဲ့ ချောမောလှပပြီး ချစ်စရာကောင်းခဲ့တဲ့ အမှတ်တရပုံလေးတွေကို ချပြလာတဲ့ ပိုးအိအိခန့်

//s9.kh1.co/a2/a25c26b4e3e70c567e16eb637ca487098ba3ec89.jpg
အနုပညာရှင်များ

 ၁၄-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ မင်းသမီးချော ပိုးအိအိခန့်ဟာဆိုရင် music video တွေထဲမှာ စတင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ယခုနောက်ပိုင်းမှာတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတွေကို များစွာရိုက်ကူးရင်း ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်နေရာကို ရပ်တည်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ပိုးအိအိခန့်က ​မြန်မာ့ဂုဏ်ဆောင်ဘောလုံးသမားအောင်သူနဲ့ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာသားလေးတစ်ယောက်ကို မွေးထားပါသေးတယ်။

Photo Credit - Poe Ei Ei Khant fb account
Photo Credit - Poe Ei Ei Khant fb account
Photo Credit - Poe Ei Ei Khant fb account
Photo Credit - Poe Ei Ei Khant fb account

ပိုးအိအိခန့် က အိမ်ထောင်ကျသွားပေမဲ့လည်း အရင်အလှတရားတွေကတော့ ယနေ့တိုင်ချောမောနေပြီး ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။ လတ်တလောမှာတော့ သူမဟာအနုပညာအလုပ်တွေရပ်နားပေမဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နေတာဖြစ်ပါတယ်။ယခုမှာတော့ ပိုးအိအိခန့် က ပရိသတ်တွေတော်တော်များများ မမြင်ဖူးသေးတဲ့ အရင်က ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Poe Ei Ei Khant fb account
Photo Credit - Poe Ei Ei Khant fb account
Photo Credit - Poe Ei Ei Khant fb account
Photo Credit - Poe Ei Ei Khant fb account

ဒီပုံလေးတွေကတော့ သူမအိမ်ထောင်မကျခင်က ဆံပင်ရှည်လေးနဲ့ ချောမောလှပနေပြီး ချစ်စရာကောင်းလောက်အောင် ဖမ်းစားထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ပိုးအိအိခန့် က " I miss my long hair and my youth" ဆိုပြီး ရေးသားထားပါသေးတယ်။ ပရိသတ်တွေလည်း ပိုးအိအိခန့် ရဲ့ ငယ်ရွယ်နုပျိုစဥ်တုန်းက ချစ်စရာပုံလေးတွေကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ်Source - Poe Ei Ei Khant fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T