ဒီဖုန်းကိုအဓိက စိတ်ဝင်စားတဲ့အချက်ကတော့ အရောင်ကြောင့်ပါ။အစိမ်းရောင်လို ရှားပါးတဲ့အရောင်မျိုးနဲ့ပွဲထွက်လာတာကလည်း ဒီဖုန်းအတွက် လာခြင်းကောင်းတာပါ။ဆန်းသစ်မှုတွေထက် အရောင်ကိုရွေးချယ်မိတ်ဆက်ခြင်းနဲ့မတူညီတဲ့ အရောင် (၅)ရောင်အထိနိုင်ငံတကာမှာ ဝယ်ယူနိုင်တာဖြစ်လို့ လူငယ်တော်တော်များများတော့ မျက်စိကျနေပါတယ်။ ၅.၅ လက်မရှိတဲ့ ဖုန်းမျက်နှာအရွယ်အစား ကြီးမားလို့ဂိမ်းကစား ခြင်းနဲ့ အင်တာနက် အသုံးပြုခြင်းတွေမှာ ကောင်းမွန်ပါတယ်။

ကင်မရာပိုင်းကောင်းသလိုမျက်နှာပြင်ရုပ်ထွက်ကြည်လင်ပြတ်သားမှုကလည်းဝယ်သူအတွက်အဆင်ပြေတဲ့အနေအထားမျိုးပါ။မြင်ကွင်းပိုင်းကောင်းမွန်ပြီး မှတ်ဉာဏ်ပိုင်းမှာလည်း မြင့်မားကောင်းမွန်တဲ့ဖုန်းပါ။

ဒီဇိုင်းကတော့ ကျယ်ပြန့်တဲ့မြင်ကွင်းပုံစံမျိုးဖြစ်ပြီး ပါးပါးလျားလျားနဲ့ ကျစ်ကျစ်လျစ်လျစ်ပြီးလက်ဗွေဖတ်မှတ်ဉာဏ်စနစ် ကိုကျောဘက် ကာဗာပေါ်မှာ တပ်ဆင်ပေးထားပါတယ်။ Xiaomiရဲ့ကိုယ်ပိုင်နည်းပညာတွေလည်းထောက်ပံ့ပေးထားပါသေးတယ်။

Network-GSM – 2G/ 3G/ 4G

SIM-Dual SIM (Nano SIM Dual Standby)

OS- MIUI 8.0 (based on Android 6.0 Marshmallow)

CPU- Octa Core 2 GHz Cortex-A53

GPU- Adreno 506, (650 MHz)

Memory-Internal 32GB, 3GB RAM

Main Camera - 13 MP, f/2.0, phase detection autofocus, dual-LED (dual tone) flash

Secondary camera - 5 MP, f/2.0, 85 Degree Wide Angle

Wi-Fi 802.11 b/g/n, Wi-Fi Direct, WiFi Display, Dual Band (2.4 GHz + 5GHz)

Bluetooth- v4.2, With HID

Battery- Non-removable Li-Po 4100 mAh battery

Aung 

သတင်းအရင်းမြစ် GSMARENA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။