ညသန်းခေါင်ကျော်ကြီးမှ အိပ်ချင်မူးတူးနဲ့ထထိုင်ပြီးပြန်အိပ်ပျော်သွားရှာတဲ့ သမီးလေးကိုအချစ်ပိုကာ ဗီဒီယိုလေးခိုးရိုက်ထားတဲ့ ချောရတနာ

//s9.kh1.co/2b/2b79bf60bf241392fbee05f66bc1d73af332b5ac.jpg
အနုပညာရှင်များ

 ၁၄-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ....မော်ဒယ်လ်မင်းသမီးသန္တာဗိုလ်ရဲ့ အစ်မဖြစ်တဲ့မင်းသမီးချောလေးချောရတနာကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဗီဒီယိုဇာတ်ကားများ၊ရုပ်ရှင်ကားကြီးများကို အောင်မြင်အောင်ရိုက်ကူးထားနိုင်တဲ့ မင်းသမီးချောတစ်ယောက်ဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ထိုက်ထိုက်တန်တန် ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင်ချောရတနာဟာ သရုပ်ဆောင်ပိုင်းမှာထူးချွန်ရုံသာမက အငြိမ့်ကရာမှာလည်းပါရမီပါပြီး ကျွမ်းကျွမ်းကျင်ကျင်ကနိုင်တဲ့သူဆိုလည်း မမှားပါဘူး။

Photo credit-​ Chaw Yadanar's Facebook acc
Photo credit-​ Chaw Yadanar's Facebook acc
Photo credit-​ Chaw Yadanar's Facebook acc
Photo credit-​ Chaw Yadanar's Facebook acc

ချောရတနာဟာ အခုလက်ရှိမှာဆိုရင်သာယာပျော်ရွှင်ဖွယ်အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေးနဲ့သမီးလေးကိုပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ သမီးအငယ်ဆုံးလေးဖြစ်တဲ့ Co Coလေးဟာလည်းမေမေ့ဆီကနေ အချောအလှတွေစုပြုံရထားသလို အရမ်းကိုချစ်စရာကောင်းတဲ့ကလေးလေးဖြစ်ပြီး အရွယ်နဲ့မလိုက်အောင်ကို ပဲလည်းပေးတတ်သေးတာကြောင့် မေမေနဲ့တီတီသန္တာဗိုလ်တို့ရဲ့အသည်းကျော်လေးပါနော်။

Photo credit-​ Chaw Yadanar's Facebook acc
Photo credit-​ Chaw Yadanar's Facebook acc
Photo credit-​ Chaw Yadanar's Facebook acc
Photo credit-​ Chaw Yadanar's Facebook acc

အခုဆိုရင်လည်း Co Coလေးဟာ ညဘက်အိပ်နေရင်းနဲ့ သန်းခေါင်ကျော်မှတစ်ရေးနိုးပြီးငုတ်တုတ်လေးထိုင်နေတာကို မေမေချောရတနာတစ်ယောက် အချစ်တွေပိုပြီး ဗီဒီယိုလေးခိုးရိုက်ကာ သူမရဲ့ Facebookစာမျက်နှာမှာ အိပ်ချင်မူးတူး နဲ့ ယောင်ပြီးထထိုင်နေသော "Co Co ...." ဆိုတဲ့ captionလေးနဲ့ တင်ပေးလာခဲ့ပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Chaw Yadanar's Facebook acc
Photo credit-​ Chaw Yadanar's Facebook acc
Photo credit-​ Chaw Yadanar's Facebook acc
Photo credit-​ Chaw Yadanar's Facebook acc

သတင်း အရင်းအမြစ်Chaw Yadanar's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T