မင်းသမီးချောဘေဘီမောင်ကတော့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေတာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့အပြုံးပိုင်ရှင်လေးဖြစ်ပြီး နေရာနဲ့အလိုက် ဖက်ရှင်မျိုးစုံကိုဝတ်ဆင်လေ့ရှိတဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်ကို တင်ပေးလေ့ရှိနေတာပဲဖြစ်ပါတယ်။


သူမကတော့ ချစ်သူသားဂန်းနဲ့အတူ ကြည်နူးစရာကောင်းတဲ့ ချစ်သူဘဝလေးကိုဖန်တီးတည်ဆောက်ထားခဲ့တာပဲဖြစ်ပြီး သူမတို့စုံတွဲလေးကတော့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ ပြည်သူချစ်အနုပညာရှင်စုံတွဲလေးပဲဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက်နဲ့နားလည်မှုအပြည့်ပေးတဲ့အပြင် ကြင်နာဂရုစိုက်လျက်ရှိနေကာ အနုပညာအလုပ်တွေကိုလည်း အတူတွဲပြီးလုပ်ကိုင်လျက်ရှိနေတဲ့ သူမတို့စုံတွဲလေးကတော့ မကြာခင်အချိန်တွေမှာပဲလက်ထပ်ကြတော့မယ်အကြောင်းကို အတိအလင်းပြောပြထားခဲ့ကြပါတယ်။


ယခုမှာတော့ သူမတစ်ယောက်အိမ်ခေါင်မိုးထပ်လေးမှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးစားသောက်ရင်း သီချင်းတွေအားပါးတရသီဆိုနေကာ ပျော်ရွှင်နေခဲ့ကြပါတယ်။ ချစ်သူသားဂန်းကဂီတာလေးတီးလို့သီချင်းတွေလိုက်ဆိုနေခဲ့တဲ့ အဆိုပါဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးဘေဘီမောင်ရဲ့ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။
Source: Baby Maung ' s Facebook AccMyday


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။