သရုပ်ဆောင် ကျော်ကျော် ၊ ဆုမြတ်နိုးဦးနဲ့ ညီထွဋ်ခေါင်တို့ သူငယ်ချင်း ၃ယောက်ကတော့ ဟာသ ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးတင်ပေးလာပြန်ပါတယ်။ အနုပညာလမ်းကြောင်းထက်မှာ အချိန်အတော်ကြာရပ်တည်အောင်မြင်လာကြတဲ့ သူတို့ ၃ယောက်က ပရိသတ်အားပေးမှုအခိုင်အမာရရှိထားပြီး အောင်မြင်မှုတွေကိုလည်း များစွာသိမ်းပိုက်ထားနိုင်သူတွေပါ။ 

Photo credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ's FB page 
Photo credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ's FB page 

အတိုင်အဖောက်ညီပြီး စိတ်တူကိုယ်တူရှိကြတဲ့ သူတို့ ၃ယောက်က အမြဲအတူ တွေ့ရလေ့ရှိပြီး အရမ်းကို ချစ်ကြသူတွေပါ။

မောင်နှမတွေလို စိတ်ရင်းမျိုးနဲ့ ပြောမနာဆိုမနာရှိကြတဲ့ သူတို့ ၃ယောက်ရဲ့ အနုပညာဖန်တီးမှုတွေကိုလည်း ပရိသတ်တွေက အတော်လေး သဘောကျ နှစ်သက်နေတာကို တွေ့ရပါတယ်။

Photo credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ's FB page 
Photo credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ's FB page 

ယခုမှာဆိုရင်လည်း သူတို့ သူငယ်ချင်း ၃ယောက်က ရယ်မောစရာ ဟာသလေးတစ်ခုကို ပြုလုပ်လိုက်ပြန်ပါတယ်။ ဒါကတော့ မေမေ ညီထွဋ်ခေါင်က သားလေး ကျော်ကျော်ကို ဆေးဝယ်ခိုင်းတာဖြစ်ပြီး လမ်းမှာ ကောင်မလေးတစ်ယောက်ကို ငေးမိတာကြောင့် ဆေးနာမည်မေ့ကာ အရိုက်ခံရတဲ့ ရယ်မောစရာ ဗီဒီယိုလေးဖြစ်တာကြောင့် ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.......။ 

Photo credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ's FB page 
Photo credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ's FB page 
Photo credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ's FB page 

သတင်းအရင်းမြစ်: Source - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။