နိုင်ငံခြားသူလေးအလား ထင်မှတ်မှားသွားရလောက်အောင် ညှို့ငင်ဆွဲဆောင်မှုအားပြင်းလွန်းပြီး ပုရိသတွေရဲ့တစ်ခဲနက် ဝန်းရံအားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ပက်ထရစ်ရှာပဲ ဖြစ်ပါတယ်။ သူမဟာ အသက်(၁၄) နှစ်အရွယ်လောက်ကတည်းက အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့ပြီး ကြော်ငြာလေးတွေ ရိုက်ကူးရာမှတစ်ဆင့် ပရိသတ်သတိထားမိလာတာလည်း ဖြစ်ပါတယ်။ ပက်ထရစ်ရှာဟာ ဇာတ်ကားရိုက်ကူးတဲ့နေရာမှာလည်း အပိုလိုမရှိ ကွက်တိကျအောင် သရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိသတ်တွေက ချစ်ပြီးရင်း ချစ်နေကြတာလည်း ဖြစ်ပါတယ်။



သူမဟာ လတ်တလောမှာတော့ ကြော်ငြာလေးတွေနဲ့ Photo Shooting လေးတွေသာ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ ရှာရှာဟာ Vintage ပုံစံလေးတွေ ရိုက်ကူးနေရတာကို သဘောကျနေပြီး အများနဲ့မတူတဲ့ ဆန်းသစ်ထားတဲ့ ခပ်မိုက်မိုက်ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ အမြဲတင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုတော့ ပရိသတ်တွေက အမြဲစောင့်ကြည့် အားပေးနေကြတာလည်း ဖြစ်ပါတယ်။



မနေ့ညကလည်း ပက်ထရစ်ရှာရဲ့ Facebook Page တွင် အမိုက်စားပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ သူမဟာ တလက်လက်တောက်ပနေတဲ့ အမိုက်စားဖက်ရှင်လေးကို ဝတ်ဆင်ထားပြီး ဖွံ့ထားလှပလွန်းတဲ့ပင်ကိုယ်အလှတရားတွေကမျက်စိပြူးသွားရလောက်အောင် ပေါ်လွင်နေတာပဲ ဖြစ်ပါတယ်။ " မိန်းကလေးများ restrooms သွားရင်း မှန်အကြီးကြီးတွေ့သောအခါ..." ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ပက်ထရစ်ရှာရဲ့ အမိုက်စားပုံရိပ်လေးတွေကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Sue Sha Naing’s Facebook Page



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။