ပရိသတ်ကြီးရေ...... Myanmar Idol season (3)ရဲ့ winnerတစ်ယောက်ဖြစ်ပြီးဖြူစင်ရိုးသားတဲ့စိတ်ထားလေးကြောင့် ပရိသတ်တွေရဲ့အားပေး၀န်းရံမှုကို အပြည့်အ၀ရရှိခဲ့တဲ့ဖြိုးမြတ်အောင်ကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာအသံပါဝါအားကောင်းကောင်းနဲ့ သီချင်းကောင်းလေးတွေကို ပရိသတ်ရင်ထဲရောက်အောင်သီဆိုနိုင်ပြီး အချိန်တိုအတွင်းပရိသတ်တွေရဲ့အချစ်ကိုသာမက အနုပညာရှင်အချင်းချင်းရဲ့ လေးစားချစ်ခင်မှုကိုပါ ရရှိခဲ့တာဖြစ်ပါတယ်....။


ဖြိုးမြတ်အောင်ဟာ သီချင်းအသစ်တွေကိုလည်းဆက်တိုက်ထုတ်နေတာဖြစ်ပြီး ကြော်ငြာတွေအပြင် အခုအခါမှာဆိုရင် Live salesတွေပါပြုလုပ်နေတာဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ဟာ မိတ်ကပ်လင်းလင်းနဲ့အတူ Live salesရောင်းချမှုတွေပြုလုပ်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့ ၀န်းရံမှုကို တခဲနက်ရရှိထားတာဖြစ်ပါတယ်....။


အခုဆိုရင်လည်း ဖြိုးမြတ်အောင်ဟာအားလပ်ချိန်လေးတွေမှာ လင်းလင်းနဲ့အတူTik Tokလေးတွေရိုက်ကူးတတ်ပြီး အခွီလေးတွေလုပ်တတ်တာကြောင့် သူတို့ရဲ့ Tik Tokလေးတွဟာဆိုရင်လည်း ပရိသတ်တွေအကြိုက်တွေ့နေကြတာဖြစ်ပါတယ်။ အခုဆိုရင်လည်း ဖြိုးမြတ်အောင်ဟာ အားလပ်ချိန်လေးမှာ လင်းလင်းတို့သူငယ်ချင်းနှစ်ယောက်နဲ့အတူ Tik Tokလေးရိုက်ခဲ့တာဖြစ်ပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


@khintg အိုမောင်လေးရယ်
♬ original sound - 𝘼𝙪𝙣𝙜 𝙏𝙝𝙚𝙩 𝙋𝙖𝙞𝙣𝙜
သတင်းအရင်းမြစ်: Lin Linn's Tik Tok acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။