ပရိသတ်ကြီးရေ.. ထက်ထက်မိုးဦးကတော့ ချစ်စရာဟန်ပန်လေးတွေအပြင် သဘာဝကျတဲ့ဇာတ်ရုပ်တွေ ပီပြင်ပိုင်နိုင်တဲ့သရုပ်ဆောင်ကောင်းမှုတွေကြောင့် အကယ်ဒမီထူးချွန်ဆုတွေနဲ့ ဆယ်စုနှစ်တွေကတည်းက ဒိတ်ဒိတ်ကြဲအောက်မြင်လာခဲ့သူပဲ ဖြစ်ပါတယ်..။
မထက်လို့အားလုံးက ချစ်စနိုးခေါ်ကြပြီး ဟန်ဆောင်မှုတွေကင်းပြီး ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ပင်ကိုယ်ပုံစံလေးတွေ ပရိသတ်တွေကိုအချစ်ပိုစေပြီး ကျော့ရှင်းတဲ့အလှတရားတွေနဲ့လည်း မြင်သူတိုင်းကိုနှစ်သက်သဘောကျစေတာလည်း ဖြစ်ပါတယ်..။


ကြော်ငြာဘုရင်မအဖြစ် ပရိသတ်တွေချီးကျူးလေးစားနေတဲ့ မထက်ကတော့ အနုပညာအလုပ်တွေမှာ ဇာတ်ကားတွေပြန်လည်ရိုက်ကူးနေသလို ကြော်ငြာတွေလည်းဆက်တိုက်ရိုက်ကူးနေကာ Live Sale တွေလည်းအဆက်မပြတ် လုပ်ဆောင်နေရတာလည်း တွေ့မြင်ရပါတယ်နော်..။
Tik Tok ဗီဒီယိုလေးတွေကိုလည်း ရံဖန်ရံခါဆော့ကစားတတ်တဲ့ အားလုံးရဲ့အချစ်တော် မထက်ကတော့ အခုတစ်ခါမှာလည်း အသည်းယားစရာပုံစံလေးနဲ့ ချစ်စရာကောင်းတဲ့ Tik Tok လေး ဆော့ကစားထားပြန်ပါတယ်နော်..။


Tik Tok ဗီဒီယိုလေးထဲမှာတော့ မထက်တစ်ယောက် အသည်းယားစရာပုံစံလေးနဲ့ ကလေးလေးတစ်ယောက်လို ချစ်ရသူလေးကိုချွဲနေပြီး သဘောကျတွေကာ ရယ်မောနေတာကို ပရိသတ်တွေတွေ့မြင်ရမှာဖြစ်ပါတယ်နော်..။
ကဲ.. ချစ်စရာကောင်းလွန်းတဲ့ ပြည်သူ့အသည်းကျော် ကြော်ငြာဘုရင်မ မင်းသမီးချော ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းလွန်းတဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို အားလုံးအတွက် တင်ဆက်ပေးလိုက်တာမို့ သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။


@htethtetmoeoo11 ♬ မူရင်းအသံ - 💥𝙺𝚑𝚊𝚗𝚝 𝙿𝚊𝚒𝚗𝚐💥🇲🇲❣
@htethtetmoeoo11 ♬ original sound - ☝One day ☝ - ☝️𝕆𝕟𝕖 𝕕𝕒𝕪☝️
သတင်းအရင်းမြစ်: Htet Htet Moe Oo's Tik Tok Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။