နှစ်သစ်အလှူလေး အနေနဲ့ ငွေကျပ် ဆယ်တစ်သိန်းကျပ် တိတိကို လှူတမ်းကာ ဝမ်းသာပီတိ ဖြစ်နေတဲ့ အလှူ တစ်ခုက ပုံရိပ်လေးတွေကို ချပြလာတဲ့ ဆုအိမ့်စံ

//s9.kh1.co/fb/fb56f8abc3be2f7856d5fb8e9b47b6300cc41e0f.jpg
အနုပညာရှင်များ

 ၁၄-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်အချစ်တော် ဆုအိမ့်စံ ကတော့ အနုပညာ အလုပ်တွေကို ဖြေးဖြေးမှန်မှန်လေး လုပ်နေကာ အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းနေတာ ပဲဖြစ်ပါတယ်။ ဗီဒီယို သရုပ်ဆောင် မင်းသမီး တစ်ယောက် အနေနဲ့ အနုပညာလောက ထဲကို စတင်ဝင်ရောက်လာကာ ဆယ်စုနှစ်မက အောင်မြင်ခဲ့သည်မှာ ယခုချိန်ထိ ဖြစ်ပါတယ်။ ဘယ်ဇာတ်ရုပ်လာလာ သူမရဲ့ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင် စွမ်းရည်တွေကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှုကို အပြည့်အ၀ ရရှိထားကာ ယနေ့ ချိန်ထိ အောင်မြင်ကျော်ကြား နေတဲ့ သရုပ်ဆောင် မင်းသမီးချောလေး တစ်ဦး ပဲဖြစ်ပါတယ်။

Photo Crd - Hsu Eaint San Facebook Page
Photo Crd - Hsu Eaint San Facebook Page
Photo Crd - Hsu Eaint San Facebook Page
Photo Crd - Hsu Eaint San Facebook Page

ခန္ဓာကိုယ် ကလည်း ကျစ်လစ်သွယ်လျပြီး ဂစ်တာ ရှိုက်လေးလို လှနေတာကြောင့် ပုရိသ ပရိသတ်တွေ အကြား ရေပန်းစားပြီး မိန်းကလေး အချင်းချင်းတောင် အားကျရတဲ့ အမိုက်စား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာ ပဲဖြစ်ပါတယ်။မကြာမကြာ မှာလည်း မြင်သူတိုင်းရင်အေးစေ လောက်မယ့် ရိုးရိုးယဉ်ယဉ်လေးနဲ့ မြန်မာ ဝတ်စုံ လေးတွေ ဝတ်ပြီး ရိုက်ထားတဲ့ ပုံလေးတွေကို ချပြလေ့ရှိပါတယ်။ လတ်တလောမှာ လည်းနောင်ရေး အတွက် အလှူတမ်းတွေ လုပ်ကာ ပီတိ ဖြစ်နေရတဲ့ ပုံလေးတွေကို ချပြပြီး ပရိသတ်တွေကို သာဓုခေါ်စေတာ ပဲဖြစ်ပါတယ်။

Photo Crd - Hsu Eaint San Facebook Page
Photo Crd - Hsu Eaint San Facebook Page
Photo Crd - Hsu Eaint San Facebook Page
Photo Crd - Hsu Eaint San Facebook Page

ယခုအခါမှာလည်း ဘုန်းကြီးကျောင်းတစ်ခုမှာ သံဃာတော်၂၄ ပါးအတွက် ငွေကျပ် ဆယ်တစ်သိန်းကျပ်တိတိ ကို အလှူတမ်း လုပ်ထားတဲ့ ပုံရိပ်လေးတွေကို ချပြလာတာပဲဖြစ်ပါတယ်။ သူမရဲ့ လှပကျော့ ရှင်းတဲ့ ခန္ဓာကိုယ်ထက်မှာ မြန်မာ ဆန်ဆန် အနီ ဝမ်းဆက် လေးကို ဝတ်ဆင်ကာ အလှူပြုထားတဲ့ ပုံလေးတွေ နဲ့ အတူ “နှစ်သစ် အလှူလေးပါ

အဘိဓ္ဓာ ၇ ကျမ်းစလုံးအား နေ့ညမပြတ်အသံမစဲတရား ကို ၁၁ ရက်တိတိ ရွှတ်ဖတ်ပူဇော်မည့် သံဃာတော်၂၄ ပါးအတွက် အလှူငွေ (ဆယ့်တစ်သိန်း တိတိ) လှူဒါန်းခဲ့ပါတယ် ...

ဆုဆု ရဲ့အလှူလေးကို နတ် လူ သာဓုခေါ်စေသော်

သာဓုခေါ်ရျ် ကုသိုလ် ထပ်တူထပ်မျှ ရပါစေ” ဆိုတဲ့ ခေါင်းစဉ်လေးတပ်ပြီး ဖော်ပြလာတာ ကို ပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်။

Photo Crd - Hsu Eaint San Facebook Page
Photo Crd - Hsu Eaint San Facebook Page
Photo Crd - Hsu Eaint San Facebook Page
Photo Crd - Hsu Eaint San Facebook Page
Photo Crd - Hsu Eaint San Facebook Page
Photo Crd - Hsu Eaint San Facebook Page

သတင်း အရင်းအမြစ်Hsu Eaint San Facebook Page

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T