ခြင်မကိုက်နိုင်အောင် ကာကွယ်ပေးနိုင်တဲ့ ထူးထူးဆန်းဆန်း နည်းလမ်းတစ်ခု

//s9.kh1.co/a7/a735c8781dbfe6cce8af7230e9a7697f32bc1574.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သုတေသနပညာရှင်တွေဟာ အခုအခါမှာတော့ သွေးစုပ်တတ်တဲ့ အင်းဆက်ပိုးမွှားတွေရဲ့ ရန်ကနေ ကာကွယ်နိုင်တဲ့ နည်းလမ်းကိုတွေ့ရှိခဲ့ကြပြီပဲဖြစ်ပါတယ်။ ဒီနည်းလမ်းလေးကတော့ လူခန္ဒာကိုယ်ရဲ့ တစ်ကိုယ်လုံးကို ဆေးခြယ်လိုက်မယ်ဆိုပါက သွေးစုပ်တတ်တဲ့ ခြင်လိုမျိုးပိုးမွှားတွေ ရန်ကနေ ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။ အခုလို နည်းလမ်းလေးကိုတော့ Lund တက္ကသိုလ်က သူတေသနပညာရှင်တွေ တွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/4a/4a75103a6f3594a20c95996f427fdc59469db82b.jpg

" ခန္ဒာကိုယ်မှာဆေးခြယ်တယ်ဆိုတဲ့ ယဉ်ကျေးမှုဟာ လူသားတွေ အတွက် အဝတ်အစားတွေ မပေါ်ခင်ကတည်းက ရှိနေခဲ့တာကပါ။ ရှေးဟောင်းသုတေသနပညာ၇ှင်တွေဟာ ဒီယဉ်ကျေမှုးကို ကျောက်ခေတ်က လူတွေနေထိုင်ခဲ့တဲ့ နံရံဆေးရေး ပန်းချီတွေအရ သိခဲ့ရတာ ဖြစ်ပါတယ်။ အာ့ခေတ်တုန်းက လူတွေဟာ ဒီလိုပိုးမွှားတွေရဲ့ ရန်ကနေကာကွယ်ဖို့အတွက် ခန္ဒာကိုယ်ပေါ်မှာ မြေစေးအဝါတွေကို သုတ်လိမ်းခဲ့တာ ဖြစ်နိုင်တယ်လို့ " Lund တက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦး ဖြစ်တဲ့ ဒေါက်တာ Susanne Akesson က ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=483,q=100/47/47118ddb237b65d33f6916d4998a765164fa5e93.jpg
https://s9.kh1.co/__image/w=600,h=399,q=100/9d/9d410cca34d77408ee03886104443a3ae214af60.jpg

သိပ္ပံပညာရှင်တွေဟာ အဆိုပါသုတေသနကို လူပုံစံ ပလတ်စတစ်ကိုယ်ထည်တွေနဲ့ စမ်းသပ်ခဲ့တာ ဖြစ်ပြီး ဘာမှ မလိမ်းထားတဲ့ အညိုရောင် ခန္ဒာကိုယ်ဟာ အဖြူနဲ့ အနက်လိုင်းဆိုးထားတဲ့ ခန္ဒာကိုယ်ထက် ခြင်တွေနဲ့ မှတ်တွေကို ပိုပီးဆွဲဆောင်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ပရိသတ်ကြီးလည်း တစ်ကယ်လို့ ခြင်အလွန်ပေါတဲ့ နေရာတွေကို ရောက်လို့ ခြင်ဆေးခွေမရှိတဲ့အခါ ဒီလိုနည်းလမ်းတွေကို စမ်းသပ်ကြည့်သင့်တယ်လို့ အကြံပေးပါရစေ။

https://s9.kh1.co/__image/w=600,h=450,q=100/ce/cedf50b072bdcbaf99c7f4ab65338f8c5160b95d.jpg
https://s9.kh1.co/__image/w=600,h=400,q=100/40/406d628bc18f4471bbbe6dee516ec2dbb512433f.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T