ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကိုရီးယားမလေး တစ်ယောက်လို့ အမြင်မှားရလောက်အောင် ချစ်ဖို့ကောင်းတဲ့ မင်းသမီးချောလေးကတော့ နန်းဆုရတီစိုး ပဲဖြစ်ပါတယ်။သူမကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ များစွာကို သိမ်းပိုက်ရယူထားနိုင်တဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။နန်းဆုဟာ မျက်နှာမြင်ချစ်ခင်ပါစေ ဆုနဲ့ ပြည့်ဝသူလေး ဖြစ်ပြီး ပရိသတ်တွေကလည်း သူမရဲ့ ချစ်စရာ အမူအရာလေးတွေကို ချစ်မဝ ဖြစ်နေကြတာ ပဲဖြစ်ပါတယ်။


နန်းဆုဟာ သရုပ်ဆောင်ပိုင်းတွင်လည်း ထူးချွန်တဲ့ သူလေး ဖြစ်သလို အဆိုဘက်အပိုင်းတွင်လည်း သီချင်းတွေ များစွာကို သီဆိုထားနိုင်ကာ ပရိသတ်တွေကလည်း တစ်ခဲနက် အားပေးကြတာလည်း ဖြစ်ပါတယ်။လတ်တလောမှာတော့ သူမဟာ ဇာတ်ကားတွေ ရိုက်ကူးမှုတွေ သိပ်မရှိသေးပဲ အဆိုဘက် အပိုင်းတွင် အားထုတ်ကြိုးစားကာ သီချင်းအသစ်တွေ ထွက်နိုင်အောင် လုပ်ဆောင်နေတာ ပဲဖြစ်ပါတယ်။


လက်ရှိမှာတော့ သူမရဲ့ သီချင်းအသစ် ဖြစ်တဲ့ “မင်းအနားမှာ”ဆိုတဲ့ သီချင်းကို MV ရိုက်ကူးနေတာ ဖြစ်ပြီး ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးတွေကို ပရိသတ်တွေ ကြည့်ရှု ခံစားနိုင်အောင် ဗီဒီယိုလေး တင်ပေးလာတာ ဖြစ်ပါတယ်။ကဲ နန်းဆုရဲ့ ရိုက်ကွင်းနောက်ကွယ်က ပျော်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို စောင့်ကြည့်အားပေးနိုင်ဖို့ အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။


သတင်းအရင်းမြစ်: Nansu Yati Soe FB Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။