ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်ကတော့ အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး တစ်ဦးတည်းသောသမီးလေးTreasureကိုလည်း သေချာဂရုစိုက်ပေးနေတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်က ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားပြီး ပျော်ရွှင်စွာနေထိုင်နေတာဖြစ်ပါတယ်။Treasureလေးကတော့ အမေတူသမီးလေးဖြစ်လို့ ချစ်မွေးအပြည့်ပါပြီး (၁)နှစ်ကျော်အရွယ်လေးနဲ့တင် ချစ်သူခင်သူတွေပေါများနေတာဖြစ်ပါတယ်နော်။


စန္ဒီမြင့်လွင်ရဲ့ချစ်ခင်ပွန်းကလည်း မိသားစုလေးကိုလုံခြုံနွေးထွေးစွာစောင့်ရှောက်ပေးလို့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသပါတယ်နော်။စန္ဒီမြင့်လွင်ကတော့ ချစ်အစ်မ၊ညီမတွေဖြစ်တဲ့ စိုးမြတ်သူဇာ၊စိုမြတ်နန္ဒာ၊စိုးမြတ်ကလျာ၊စိုးပြည့်သဇင်တို့နဲ့လည်း ညီအစ်မအရင်းတွေလိုမျိုး ခင်မင်ရင်းနှီးကြတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်တို့ညီအစ်မတွေက စီးပွားရေးဆိုလည်း တက်ညီလက်ညီလုပ်ကိုင်ကြပြီး အပြန်အလှန်ဖေးမကူညီကြလို့ စည်းလုံးကြတဲ့ညီအစ်မတွေဖြစ်ပါတယ်နော်။



ဒီနေ့လေးဟာဆိုရင်တော့ စိုးမြတ်ကလျာရဲ့သမီးချောလေးခေတ်သခင်ရဲ့မွေးနေ့လေးဖြစ်လို့ တီတီစန္ဒီမြင့်လွင်က သတိတရနဲ့မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတာဖြစ်ပါတယ်။ခေတ်သခင်လေးကလည်း မေမေနဲ့အဒေါ်တွေရဲ့အလှအပတွေကို အမွေရထားလို့ အရမ်းချစ်စရာကောင်းတဲ့သမီးလေးဖြစ်ပါတယ်။ခေတ်သခင်လေးက လိမ္မာရေးခြားလည်းရှိပြီး လူကြီးမိဘတွေကိုရိုသေသိတတ်လို့ တစ်မိသားစုလုံးကချစ်နေရတာဖြစ်ပါတယ်။အခုဆိုရင်တော့ ချစ်ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်နဲ့ခေတ်သခင်တို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source&Photo Credit:Sandy Myint Lwin's Instagram account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။