သူချစ်ကို ပိုပြီးတန်ဖိုးထားပါတယ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း

ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ နန်းမြတ်ဖြိုးသင်းဟာ ဆရာဝန်အလုပ်လုပ်ဖို ့အကုန်အဆင်သင့် လုပ်ထားပြီးဖြစ်ပေမယ့် သူမဝါသနာပါရာ ဒီအနုပညာအလုပ်ကို နောင်တမရှိဘဲရွေးချယ်ဖြစ်ခဲ့သူပါ။

အနုပညာအလုပ်ဟာ စိန်ခေါ်မှုတွေ အရမ်းများပြီး ပေးဆပ်မှုတွေများနေပေမယ့် ကိုယ်ကြိုးစားရင်ကြိုးစားသလောက်အရာထင်တဲ့အတွက် ဝမ်းသာပါတယ်ဆိုတဲ့ နန်းမြတ်က သူမရဲ ့လက်ရှိအချစ်ရေးအကြောင်းကို ပေါ်ပြူလာဂျာနယ်ရဲ ့အင်တာဗျူးမှာ အခုလိုပဲပြောပြထားပါတယ်။ 

“နန်းမြတ်မှာ ချစ်သူရှိနေပါပြီ။ အရင်တုန်းကတော့ ဒီအချစ်ရေးကို သိပ်မပြောဖြစ်ပါဘူး။

ပရိသတ်ကမေးလာတော့ အတင်းကြီး ဖုံးကွယ်မထားချင်လို ့ပြောပြဖြစ်တာပါ။

အရွယ်ရောက်နေတဲ့ မိန်းကလေးတစ်ယောက်အနေနဲ ့ချစ်သူကတော့ ရှိပါတယ်။

အဓိက နန်းမြတ် သူချစ်ကို ပိုပြီးတန်ဖိုးထားတယ်။ ဘာလို ့လည်း ဆိုတော့ ကြာလာတာနဲ ့အမြဲ မိန်းကလေးက ပိုချစ်လာတယ်။

ယောက်ျားလေးတွေက တော်တော်ချစ်ထားမှ တော်ကာကျမယ် လို ့နန်းမြတ်ထင်တယ်။

ဒါကြောင့် နန်းမြတ် သူချစ်ကို ရှာတာပါ။ သူက နန်းမြတ်ရဲ ့မိသားစုဝင်တစ်ယောက်လို နေသားတကျနေနိုင်တဲ့အတွက် ရွေးချယ်ဖြစ်တာပါ”

လို ့ပြောပြသွားခဲ့ပါတယ်။

နန်းမြတ်ဟာ “ကြောက် ကြောက် ကြောက်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး အဆိုပါ ဇာတ်ကားကိုတော့ သြဂုတ်လမှာ ရုံတင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် နန်းမြတ်ပါဝင်ထားတဲ့ “ရပ်ကျော် ရွာကျော်” ရုပ်ရှင်ဇာတ်ကားကိုလည်း ဒီလပိုင်းမှာ ရုံတင်ဖို ့ကြိုးစားနေပြီး လက်ရှိမှာတော့ New Version ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် မင်းဦး၊ မင်းမော်ကွန်း၊ ညီထွဋ်ခေါင်၊ ရွှေသမီးတို ့နဲ ့အတူတွဲဖက်သရုပ်ဆောင်လျက်ရှိတယ်လို ့သိရပါတယ်။ 

သတင်းအရင်းမြစ် Popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။