ပရိသတ်ကြီးရေ.......ဒိတ်ဒိတ်ကြဲ မော်ဒယ်လ်မင်းသမီးတစ်ယောက်အနေနဲ့သာမက ရုပ်ရှင်မင်းသမီးတစ်ယောက်အနေနဲ့ပါ ရပ်တည်နေတဲ့ သန္တာဗိုလ်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အရပ်အမောင်းမြင့်မြင့်လေးကိုပိုင်ဆိုင်ထားတာဖြစ်တဲ့အပြင် သွယ်လျတဲ့ဘော်ဒီလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် တကယ်ကိုပြီးပြည့်စုံတဲ့ မော်ဒယ်လေးဆိုလည်း မမှားပါဘူး။

Photo credit-Thandar Bo's Facebook acc
Photo credit-Thandar Bo's Facebook acc

သန္တာဗိုလ်ဟာ မင်းသားချောကောင်းပြည့်နဲ့လည်း ပရိသတ်တွေအားကျချစ်ခင်ရတဲ့ relationshipကို တည်ထောင်ထားတာဖြစ်ပြီး လိုက်ဖက်ညီလွန်းလို့ ပရိသတ်တွေကသူမတို့စုံတွဲလေးကို အချစ်တွေပိုနေရတာဖြစ်ပါတယ်။ သန္တာဗိုလ်ဟာ အားလပ်ချိန်လေးတွေမှာဆိုရင်လည်း Tik Tokဗီဒီယိုလေးတွေကို ရိုက်ကူးတတ်ပြီး ခပ်မိုက်မိုက်လေးတွေကလေ့ရှိပါတယ်နော်....။

Photo credit-Thandar Bo's Facebook acc
Photo credit-Thandar Bo's Facebook acc

အခုဆိုရင်လည်း သန္တာဗိုလ်ဟာ သူမရဲ့ Tik Tok acc လေးမှာလတ်တလောရေပန်းစားနေတဲ့ ပုံစံလေးအတိုင်း ခပ်မိုက်မိုက်လေးရိုက်ပြီးတင်ပေးခဲ့ပါတယ်။ ဒီဗီဒီယိုလေးမှာဆိုရင် သန္တာဗိုလ်ဟာ ဘာမှလိမ်းခြယ်မထားတဲ့ မျက်နှာပြောင်လေးကနေ ခဏလေးအတွင်းမှာအမိုက်စားပုံစံလေးကိုပြောင်းသွားတဲ့ပုံစံမျိုးလေး ရိုက်ကူးလာခဲ့တာဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Thandar Bo's Facebook acc
@thandarbo

🤍🤍##foryou ##tiktokmyanmar ##fyp

♬ I'm So Pretty - chunkymonkeeyy

သတင်းအရင်းမြစ်: Thandar Bo's Tik Tok acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။


SPONSORED CONTENT