မင်းသမီးနန်းမြတ်ဖြိုးသင်းကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ကာ ရုပ်ရှင်ဇာတ်ကားတွေများစွာမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်ကို တင်ပေးလေ့ရှိတဲ့ သူမကတော့ အေးချမ်းတဲ့ မိသားစုကမ္ဘာလေးကို တည်ဆောက်ထားနိင်ခဲ့ပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။


အပြုံးချိုချိုလေးတွေကိုပိုင်ဆိုင်ထားတဲ့ သူမကတော့ အနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာလျက်ရှိနေပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ဆဲဖြစ်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်ရတဲ့ မိသားစုလေးကို အချိန်ပေးကာဂရုစိုက်လျက်ရှိနေတဲ့ သူမကတော့ ယခုမှာရင်သွေးလေးကိုလွယ်ထားရလို့စိတ်ချမ်းသာပျော်ရွှင်နေပြီး တိတ်ဆိတ်တဲ့နေရာလေးမှာ အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းနေခဲ့ပါတယ်။



သူမကတော့ " ဒီနေ့မြို့ပြနဲ့အဝေးသွားဖြစ်တဲ့နေရာလေးဓာတ်ပုံတော့ရိုက်မလာဖြစ်ဘူးLazy Boyကြာဆံပြုတ်စားနေတဲ့ပုံတပုံပဲပါလတယ်ပုံကြည့်လိုက်တော့လဲကို့ယို့ကားယားဒါလဲတင်တာပဲဟီးဟီး "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အေးချမ်းတဲ့နေရာလေးမှာ ပျော်ရွှင်နေတဲ့ မင်းသမီးချောနန်းမြတ်ဖြိုးသင်းရဲ့ ချစ်စရာပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးကို အောက်မှာကြည့်နိုင်ပါတယ်။
Source: nann myat phyo thinn ' s facebook acc


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။